ခက်ခဲနေတဲ့ဈေးသည်တွေရဲ့ကုန်ပစ္စည်းကို အခကြေးငွေမယူဘဲ သူမရဲ့လူမှုကွန်ယက်ကနေ (၁၀) ရက်တိတိ ကြော်ငြာပေးမယ့် နွေးနွေးချစ်ဖွယ်

//s9.kh1.co/7e/7ea2a955a0969d7abdfcfe9d7e342dc1ef09f1b8.png
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ခုလိုအကျပ်အတည်းကာလတွေမှာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ချို့တဲ့သူတွေကို ကူညီပေးကြတဲ့ စိတ်ထားမြင့်မြတ်သူတို့ရဲ့ အဖြူရောင်စေတနာတွေဟာ မြင်သူတိုင်းအတွက်တော့ ပီတိဖြစ်စရာတွေချည်းပါပဲ။ အနုပညာရှင်တစ်ချို့ဟာလည်း ကိုယ်တိုင်အလုပ်မလုပ်ရတာတောင် ထမင်းရှင်ပရိသတ်တွေအတွက် ရသလောက်အကူအညီတွေကို အစွမ်းကုန်ပေးပြီး ကူညီခဲ့ကြပါတယ်။

Photo Credit - Nway Nway Chit Phwel's Fb Acc
Photo Credit - Nway Nway Chit Phwel's Fb Acc

ဒီနေ့မှာလည်း နွေးနွေးချစ်ဖွယ်တစ်ယောက် အခက်အခဲဖြစ်နေတဲ့ ဈေးရောင်းချသူတွေအတွက် သူမရဲ့လူမှုကွန်ယက်ကနေတဆင့် (၁၀) ရက်တိတိ ကြော်ငြာပေးမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။ ဒီလိုကူညီတာဟာလည်း စေတနာသီးသန့်ဖြစ်ပြီး ငွေကြေးမယူဘဲ အဆင်ပြေစေချင်တဲ့စိတ်နဲ့ ကူညီပေးတာဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

Photo Credit - Nway Nway Chit Phwel's Fb Acc
Photo Credit - Nway Nway Chit Phwel's Fb Acc

ဒီအကြောင်းကို " 1.5.2021 ဒီလို ခက်ခဲနေချိန် သင်တို့ရဲ့ လူသုံးကုန်ပစ္စည်းအစားအသောက် များအား ဆိုင်အကုန် (၁၀) ရက်တိတိ နွေးနွေးချစ်ဖွယ် Fb Wall ပေါ်တွင် ငွေကြေးတစ်ပြားတချပ်မယူဘဲ မေတ္တာဖြင့်ကြောငြာပေးမည် ဒီကာလမှာ ရောင်းပန်းသာ၍ ဝယ်ပန်းလှစေပြီး မိဘပြည်သူများ အဆင်ပြေစေခြင်းအကျိုးငှာ မေတ္တာရှေ့ထား၍ ကူညီနိုင်တာလေး ကူညီခြင်းသာဖြစ်သည် Nway Nway Chit Phwel FB အကောင့်အား သင်တို့ကို (10) ရက် free အသုံးပြုခွင့်ပေးပါမည် Messenger မှာပေးပို့နိုင်ပါသည် (နွေးရဲ့ မန်နေဂျာနှင့် မင်မင် စီစဉ်ပြီးတင်ပေးပါလိမ့်မည်) စေတနာမှန်က အကျိုးပေးသန်ပါစေ " ဆိုပြီး ဖော်ပြလာခဲ့ပါတယ်။ စိတ်ထားလှတဲ့နွေး ဒီထက်ပိုပြီး အောင်မြင်ပါစေ။

Photo Credit - Nway Nway Chit Phwel's Fb Acc
Photo Credit - Nway Nway Chit Phwel's Fb Acc

သတင်း အရင်းအမြစ်Nway Nway Chit Phwel's Fb Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T