နေပူပူလမ်းမပေါ်မှာ သားငယ်လေးကိုလက်ဆွဲပြီး စပါးရောင်းကာ မိသားစုအတွက်ရုန်းကန်နေရတဲ့ ဦးလေးကြီးတစ်ယောက်

//s9.kh1.co/34/3445ae32200566fee4b18b5036ba835a2859ceb3.jpeg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

နေပူပူလမ်းမပေါ်မှာ သားငယ်လေးကိုလက်ဆွဲပြီး စပါးရောင်းကာ မိသားစုအတွက်ရုန်းကန်နေရတဲ့ ဦးလေးကြီးတစ်ယောက်

မြန်မာပြည်သူလူထုကတော့ ကိုဗစ်ကာလကတည်းက ဝင်ငွေနည်းပါးတာကြောင့် တစ်နေ့တာထွက်ငွေကိုလည်းသေချာစိစစ်ပြီးသုံးစွဲနေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ဒီလိုအချိန်မှာ မိမိတို့ထက် ကျပ်တည်းနေကြတဲ့သူတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ပြည်သူတွေကလည်း မိသားစုရဲ့စားဝတ်နေရေး၊ကျန်းမာရေးတို့အတွက် လမ်းမပေါ်ထွက်ပြီး တစ်နိုင်တစ်ပိုင် စီးပွါးရေးလေးတွေလုပ်ဆောင်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိသားစုရဲ့စားဝတ်နေရေးအတွက် လမ်းပေါ်မှာ မုန့်ဖက်ထုတ်၊ဖရဲသီး၊ရေခဲချောင်း၊ပန်း စတာလေးတွေကို ရောင်းချနေကြတဲ့ ကလေးငယ်အများအပြားကိုလည်း တွေ့မြင်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဦးလေးတစ်ယောက်က ကလေးငယ်လေးကိုလက်ဆွဲပြီး ဆရာစံလမ်းထိပ်၊ပုလဲကွန်ဒိုမီးပွိုင့်မှာ နေ့တိုင်းနီးပါး စပါးလေးတွေရောင်းချနေတာဖြစ်ပါတယ်။သူ့ရဲ့အမျိုးသမီးက “ဆီးချို၊သွေးတိုး၊မီးယပ်ဖြစ်နေလို့ စပါးလေးဝယ်ပါ”ဆိုပြီးတော့လည်း စာလေးရေးကာ ချိတ်ဆွဲထားတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပူပြင်းတဲ့နေရောင်ကို အံတုပြီး တစ်နေ့တာအဆင်ပြေဖို့အတွက် ရုန်းကန်နေရတဲ့ သားအဖနှစ်ယောက်ပုံကို ပြည်သူတစ်ဦးက သွားလာရင်းနဲ့တွေ့လို့ ဓာတ်ပုံရိုက်လာတာဖြစ်ပါတယ်။ပြည်သူတွေလည်း ဆရာစံလမ်းဘက်ရောက်တဲ့အခါ စပါးရောင်းနေတဲ့ ဒီသားအဖကိုတွေ့ခဲ့ရင် တတ်နိုင်သလောက်ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါတယ်။ဒီလိုကာလမှာ လူတိုင်းနီးပါး ခက်ခဲနေကြတာကြောင့် ဝမ်းရေးအတွက်အဆင်ပြေသလိုသာရပ်တည်နေရတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T