ပြည်သူမှာပြည်သူတွေပဲ ရှိတယ်ဆိုတာသက်သေပြပြီး အားလုံးနဲ့အတူပါဝင်နေဦးမယ့်အကြောင်း ပြောလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/ee/ee2ec8e91b30f1d970da2ffd4c057eac18ceedee.jpg
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်အခိုင်အမာရရှိထားကာ ဇာတ်ကားတွေလည်းများစွာရိုက်ကူးထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော နွယ်ဒါလီထွန်းကလည်း အပါအဝင်ပါပဲ..။

နွယ်ဒါလီထွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကိုလည်း အင်တိုက်အားတိုက်ပြုလုပ်ပြီး အားလုံးနဲ့အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

လူထုလှုပ်ရှားမှုတွေကို တက်ကြွစွာပြုလုပ်တေဲ့ နွယ်ဒါလီထွန်းကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာပြီး လတ်တလောမှာလည်း တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

နွယ်ဒါလီထွန်းကတော့ အခက်အခဲတွေရှိနေတဲ့ ကြားက ပြည်သူတွေမှာပြည်သူတွေပဲရှိတယ်ဆိုတာကို သက်သေပြကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်စကားတွေဆိုကာ သူမကိုယ်တိုင်ကလည်း အားလုံးနဲ့အတူ ပါဝင်နေဦးမယ့်အကြောင်းတွေကို ပြောပြလာပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

"ငါတို့မှာငါတို့ပဲရှိတယ်ဆိုတာကို သက်သေပြပေးကြတယ် ကျေးဇူးတင်စရာကောင်းလိုက်တာ

ငါတို့ထဲက ငါတစ်ယောက်အနေနဲ့ ပါဝင်နေအုံးမှာပါ

အရေးတော်ပုံအောင်ရမည်

blackshirtstrike coming ?.."ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ အတူကြိုးစားကြမယ့်အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

သတင်း အရင်းအမြစ်Nwe Darli Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T