စေတနာရှင်ပြည်သူများကြောင့် မိဘကို ထောက်ပံ့နိုင်ခဲ့လို့ ပျော်မဆုံးဖြစ်နေတဲ့ Food Delivery မိန်းကလေးရဲ့ ရင်တွင်းပီတိစကားသံ

//s9.kh1.co/07/0734114d352097d32510279d8cbcc6662a608a54.png
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ဖေဖော်ဝါရီ (၁) ရက်နေ့တည်းက တစ်နိုင်ငံလုံးခက်ခဲတဲ့ကာလတွေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခုဆိုရင် (၃) လ တင်းတင်းပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုကာလတွေမှာခက်ခဲကျပ်တည်းသူတွေ အများအပြားရှိတာကြောင့် တတ်နိုင်သူတွေကဖြည့်ဆည်းကူညီကြပြီး ဒီလိုကူညီမှုကြောင့် အခြေအနေတွေအထိုက်အလျောက်အဆင်ပြေသွားတဲ့ Delivery မိန်းကလေးတစ်ဦးဟာ သူမရဲ့ပီတိစကားတွေကို လူမှုကွန်ယက်မှာ အခုလိုပြောပြလာခဲ့ပါတယ်။

Photo Credit - Htake Htake Paing Oo's Fb Acc
Photo Credit - Htake Htake Paing Oo's Fb Acc

" မြန်မာနိုင်ငံလက်ရှိအခြေအနေများအရ အင်တာနက်ပြတ်တောက်မှုများကြောင့် သမီးလုပ်နေတဲ့ Foodpanda အလုပ်ကိုရပ်စဲလိုက်ရပါတယ်? မြို့စွန်လေးမှာကျန်ခဲ့တဲ့ အဖေနဲ့အမေကိုဘယ်ပုံစံနဲ့ လှမ်းထောက်ပံ့ရမှန်း မသိရလောက်တဲ့အခြေအနေ။ လက်ရှိနေရာလေးမှာနေထိုင်ဖို့ ဘယ်လိုရုန်းကန်ရမှန်း မသိတဲ့ အခြေအနေအကျပ်အတည်းတွေကြားထဲရောက်လာခဲ့တယ်? လွန်ခဲ့တဲ့ (၃) ပတ်ဝန်းကျင် လောက်ကဘယ်လိုမှကြံလို့မရတဲ့အဆုံး wifi ရတဲ့တစ်နေရာမှာ သမီး post လေးတစ်ခုတင်ခဲ့တယ်။ သမီးဆီ စားချင်တဲ့မုန့်။ အသုံးအဆောင်လေးတွေမှာလို့ရပါတယ် လိုက်ပို့ပေးပ့ါမယ်ဝန်ဆောင်ခလေး အဆင်ပြေသလိုပေးပါလို့ မေတ္တာရပ်ခံခဲ့တယ်။ အဲ့ဒီ post လေး ဝိုင်း share ပေးကြတဲ့ သူတစ်ဦးဆီတိုင်းကို ဒီကနေဂါဝရပြုလိုက်ပါတယ်။ ထို့နောက်အော်ဒါမှာယူပေးကြတဲ့ ကျေးဇူးရှင်လူကြီးမင်းများကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အရင်းအနှီးလေးရအောင် အလှူငွေတွေလှူပေးကြတဲ့အလှူရှင်ကြီးများအားလုံးကိုလည်း မေတ္တာပို့သပါတယ်။ အခုအခါ အနည်းငယ်လည်ပတ်လာပြီး အဖေနဲ့အမေကို သမီးစားသောက်စရာအနည်းငယ် ကန်တော့နိုင်ခဲ့ပါပြီ။ "

Photo Credit - Htake Htake Paing Oo's Fb Acc
Photo Credit - Htake Htake Paing Oo's Fb Acc
Photo Credit - Htake Htake Paing Oo's Fb Acc
Photo Credit - Htake Htake Paing Oo's Fb Acc

" သမီးအခုထပ်ပြီးတောင်းဆိုချင်တာကလေ သမီကို နောက်ထပ် အော်ဒါလေးတွေမှာယူပေး ကြပါဦးနော်။ အဓိကက သမီးရဲ့ဝမ်းရေးမဟုတ်ပါဘူး။ သမီး Delivery တစ်ဦးဖြစ်တဲ့အတွက် အရင်ကတည်းကလည်း အစားမှန်တဲ့သူမဟုတ်လို့နေသားကျနေပါပြီ။ အခြားမြို့နယ်မှာ နှစ်ဦးတည်းနေထိုင်နေတဲ့အဖေနဲ့အမေကို တစ်ပတ်တစ်ကြိမ် (သို့) တစ်လတစ်ကြိမ် အော်ဒါ ကြေးရတာလေးနဲ့ကန်တော့ချင်လို့ပါ။ အခုလို အစားအသောက်တွေသွားပြီး ကန်တော့ရတာကို လည်း သမီးအရမ်းဝမ်းမြောက်မိပါတယ် ကျေးဇူးရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင် ပါတယ်ရှင်။ ဝန်ဆောင်မှုပေးတဲ့ မြို့နယ်တွေကတော့ (စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ အလုံ) ကျန်မြို့နယ်များကိုတော့ သမီးအသိ Rider အကိုတွေနဲ့ချိတ်ဆက်ပေး သွားမှာပါ။ ပင်လယ်ရေဆိုတာတစ်ယောက်တည်းသောက်လို့မကုန်တာဖြစ်တဲ့အတွက် အော်ဒါရခဲ့ရင် အကုန်လုံးကို ခွဲဝေနေကြမို့ပါ။ ဆိုင်တွေလဲအတော်များများပြန်ဖွင့်နေပါပီ။?မှာချင်တဲ့အချိန်လေးသာ ဖုန်းလေးဆက်လိုက်ပါနော်? 09263706709 " Myanmarload ရဲ့ စာဖတ်သူတို့လည်း ထပ်တူကုသိုလ်ယူနိုင်အောင် ဒီအကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Htake Htake Paing Oo's Fb Acc
Photo Credit - Htake Htake Paing Oo's Fb Acc

သတင်း အရင်းအမြစ်Htake Htake Paing Oo's Fb Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T