အော်ဒါအမှီပို့နိုင်ဖို့အတွက် မိုးထဲလေထဲမှာ ပြေးလွှားနေရတဲ့ Rider တွေရဲ့ဘဝကိုစာနာပြီး နောက်ပြောင်တာတွေမလုပ်ဖို့ ပြောလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/18/18aa66332c88e7c9213351df5fe168e7fe02ddf3.jpg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အော်ဒါအမှီပို့နိုင်ဖို့အတွက် မိုးထဲလေထဲမှာ ပြေးလွှားနေရတဲ့ Rider တွေရဲ့ဘဝကိုစာနာပြီး နောက်ပြောင်တာတွေမလုပ်ဖို့ ပြောလာတဲ့ ပြည်သူတစ်ဦး

Delivery အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ Rider အများစုကတော့ လက်ရှိကာလမှာဆိုရင် အတော်လေးကို အခက်အခဲဖြစ်နေကြတာ ဖြစ်ပါတယ် ။ အင်တာနက်မရတာကြောင့် Online ပေါ်ကနေ အော်ဒါကောက်ခံဖို့အတွက် အဆင်မပြေဖြစ်နေကြတဲ့ Rider တွေက ရရာနည်းလမ်းနဲ့ အလုပ်တွေကို ရှာဖွေနေရတာပဲ ဖြစ်ပါတယ် ။ တစ်ချို့ကလည်း တစ်နေ့လုံးနေမှ အော်ဒါတစ်ကြောင်းပဲ ပို့ရလို့ စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်ရကြောင်း ရင်ဖွင့်နေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ပြည်သူတစ်ဦးက Delivery ပို့နေရတဲ့ Rider တွေရဲ့ဘဝကို စာနာနားလည်တဲ့အနေနဲ့ သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခုကို ပြန်ပြောပြထားတာ ဖြစ်ပါတယ် ။ ဒီမြင်ကွင်းကို သူက အမိအရမှတ်တမ်းတင်ခဲ့ပြီး ပြည်သူလူထုသိအောင် ပြန်လည်မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ။ ပုံထဲမှာတော့ Rider တစ်ဦးက မိုးထဲလေထဲမှာတောင် အော်ဒါအမှီပို့နိုင်ဖို့အတွက် မုန့်ထုပ်ကိုတစ်ဖက်ကကိုင်ပြီး စက်ဘီးကို အားသွန်ခွန်စိုက်နင်းနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တစ်ချို့ Rider တွေဆိုရင်လည်း Food Box လေးတွေလွယ်ပြီး အပြေးအလွှားသွားနေတာကို လမ်းတစ်လျှောက်မှာ မြင်တွေ့ခဲ့ရကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အန္တရာယ်တွေကြားကနေ အပင်ပန်းခံပြီး မိသားစုကိုရှာကျွေးနေရတဲ့ Rider တွေကို စာနာတယ်ဆိုရင် သူတို့ကိုမနှောင့်ယှက်ကြဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် "မုန့်မှာပြီး မယူတာမျိုး၊ ယူဖို့အစီအစဉ်မရှိဘဲ နောက်ပြောင်ပြီး မှာတာမျိုး၊ တမင်ယုတ်မာပြီး မှာတာမျိုးလုပ်မယ်ဆို ဒီပုံကို အရင်ကြည့်ပါ" ဆိုပြီး စေတနာရှင်ပြည်သူတစ်ဦးက Rider တွေဘက်ကနေ ကိုယ်စားမေတ္တာရပ်ခံပေးထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T