မိုးခြိမ်းသံတွေထက် ပိုကျယ်လောင်ခဲ့တဲ့ ရန်ကုန်မြို့ကလူငယ်လေးတွေရဲ့ ကြွေးကြော်သံများ

//s9.kh1.co/b2/b2e39741ccccd74baea543f37d19ddc47152d535.jpeg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

......

ရန်ကုန်မြို့ကြီးဟာ ဖေဖော်ဝါရီ (၁) ရက်နေ့ထဲကစပြီး အဓိကလူစည်ကားရာနေရာတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသူတွေအပြည့်နဲ့ ရှိနေခဲ့ပါတယ်။မြို့နယ်တိုင်းက လူကြီးလူငယ် ဘာသာမရွေး လမ်းမပေါ်ထွက်ကာ မိမိတို့ရဲ့ ယုံကြည်ချက်တွေအတွက် ရင်ထဲက ဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကြီးနေရာတွေမှာ  သံပြိုင်ကြွေးကြော်သံများနဲ့ ဆူညံခဲ့တာလည်းဖြစ်ပါတယ်။ဒီပုံရိပ်လေးတွေကပဲ ကမ္ဘာ့တစ်ဝှမ်းလုံးရဲ့ သတင်းမီဒီယာတွေအထိ ပြန့်နှံခဲ့တာပါ ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နောက်ပိုင်းမှာတော့ ရန်ကုန်ဟာ တဖြည်းဖြည်း အရင်လို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်တွေမရတော့ဘဲ နေရာတိုင်းမှာ အပစ်အခတ်တွေ ဖိနှိပ် ဖြိုခွင်းခံရမှုတွေရှိလာကာ ဖမ်းဆီးထိန်းသိမ်းခံရတာတွေလည်း မျာစွာကြုံတွေ့ခဲ့ရပါတယ်။ဒါကြောင့်လည်း ရန်ကုန်ဟာ ဆန္ဒဖော်ထုတ်သူတွေ နည်းပါးသွားခဲ့တာလည်းတွေ့ရပါတယ်။ဒီရက်ပိုင်းမှာတော့ ရန်ကုန်ရဲ့နွေဦးတော်လှန်ရေးကြီးက ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။မြို့နယ်လိုက် လူငယ်တွေစုပေါင်းပြီး ပြောက်ကျားသပိတ်တွေကို လှုပ်ရှားခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယနေ့ ဧပြီလ (၃၀) ရက်နေ့မှာလည်း နေရာအသီးသီးက လူငယ်တွေစုပေါင်းကာ မိုးရေတွေကြားထဲမှာပြေးလွှားရင်း မြို့နယ်ပေါင်းစုံ အထွေထွေသပိတ်ကြီးကို လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။  မိုးခြိမ်းသံတွေပျောက်ကွယ်သွားသည်ထိ လျှပ်စီးများကြားမှာ သံပြိုင်ဟစ်ကြွေးနေတဲ့ လူငယ်လေးတွေရဲ့ ပုံရိပ်တွေဟာ ပြည်သူတွေရဲ့ ရင်ကိုထိမှန်ခဲ့ပါတယ်။ဒါ့အပြင် လူငယ်တွေအားလုံး အောင်မြင်စွာလူစုပြန်ခွဲနိုင်ခဲ့ကြတယ်လို့လည်းဖော်ပြထားပါသေးတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T