တစ်ယောက်တစ်နေရာစီ ရောက်နေကြတဲ့ နှင်းဆီအဖွဲ့သားများဘေးအန္တရာယ်ကင်းဝေးကြစေရန် ဆုတောင်းမေတ္တာပို့သပေးနေတဲ့ မောင်မျိုးမင်း

//s9.kh1.co/56/56c17153b36bf82f36f3e83f12efd9b6a9599fc7.jpeg
အနုပညာရှင်များ

 ၃၀-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေ  ချစ်ခင်အားပေးကြတဲ့ နှင်းဆီအဖွဲ့ကိုတော့  နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့  မင်းမော်ကွန်း၊နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေး၊ မေကဗျာ နဲ့ မိုးယုစံ၊ ဖူးစုံနှင့် မိုးပြည့်ပြည့်မောင်တို့ဖြင့် ဖွဲ့စည်းထားကြတာပါ။  သူတို့အဖွဲ့လေးဟာ ဆယ်စုနှစ်ကျော်တိုင်အောင်  အားလုံးရယ်မောပျော်ရွှင်နိုင်အောင် အငြိမ့်ဖျော်ဖြေပွဲတွေ တစ်နှစ်တစ်ခါကျင်းပပြုလုပ်ခဲ့ကြတာ  ဖြစ်ပါတယ်။ ဒါ့အပြင် နှင်းဆီရင်ခွင်လူမှုကူညီရေးအသင်းကိုလည်း တည်ထောင်ထားကြပြီးလိုအပ်တဲ့နေရာများကို လိုက်လံလှူဒါန်းပေးခဲ့ကြတာပါ။

Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 

နှင်းဆီမိသားစုလေးဟာ တစ်ဦးအပေါ်တစ်ဦး မောင်နှမအရင်းသဖွယ် ဖေးမကူညီစောင့်ရှောက်ပေးနေတာလည်း  ဖြစ်ပါတယ်။  အလုပ်မအားကြသူများဖြစ်ပေမယ့်လည်း  တစ်လတစ်ခါပုံမှန်ဆုံနေကြဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့် တစ်ယောက်တစ်နေရာစီ ဝေးကွာနေတာကြောင့် အရင်လိုမဆုံဖြစ်ကြတော့တာပါ။ မကြာသေးခင်နာရီပိုင်းလောက်က  ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မဆုံဖြစ်တာကြာပြီဖြစ်သော  နှင်းဆီအဖွဲ့သား အန္တရာယ်ကင်း၊ ဘေးကင်းဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားတာပါ။

Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 

" ခါတိုင်းဆိုအလုပ်ကိုယ်စီနဲ့မအားကြတာတောင် တစ်လကိုတစ်ခါတော့ ဆုံဖြစ်ကြတဲ့ နှင်းဆီမိသားစုလေးဟာအခုတော့

တစ်ယောက်တစ်နေရာစီမှာ မဆုံဖြစ်တာ​နဲ့ အဆင်တွေရောပြေကြရဲ့လား စိတ်ပူရင်း အဝေးကနေ သတိရလွမ်းဆွတ် မေတ္တာပို့ဆုတောင်းပေးနေပါတယ် သားတို့သမီးတို့ အန္တရာယ်ကင်းကြပါစေ ​​ရောဂါဘေးကင်းဝေးကြပါစေ ပျော်ရွှင်စွာ အားလုံးပြန်ဆုံကြမယ့်နေ့ အမြန်ဆုံးရောက်ပါစေ။ " ဆိုပြီး ရေးသားထားတာပါ။  ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ နှင်းဆီမိသားစုများအားလုံး အမြန်ဆုံးပြန်လည်ဆုံဆည်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Maungmyomin Yintwinphit’s Facebook Account 

Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Photo Crd-Maungmyomin Yintwinphit’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T