ပုဆိုးနဲ့ဝါးလုံးကိုအသုံးပြုပြီး ထမ်းစင်လုပ်ကာ ကျဆုံးသွားတဲ့သူရဲ့ရုပ်အလောင်းကို ပြန်သယ်လာခဲ့ရတဲ့ ဒီမောဆိုမြို့နယ်က ပြည်သူများ

//s9.kh1.co/98/98ebde236596c6ae851d0bf167f459ea27c7224b.jpg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ပုဆိုးနဲ့ဝါးလုံးကိုအသုံးပြုပြီး ထမ်းစင်လုပ်ကာ ကျဆုံးသွားတဲ့သူရဲ့ရုပ်အလောင်းကို ပြန်သယ်လာခဲ့ရတဲ့ ဒီမောဆိုမြို့နယ်က ပြည်သူများ

အခုချိန်မှာတော့ ပြည်သူတွေက လူထုလှုပ်ရှားမှုပြုလုပ်ဖို့အတွက် သူတို့ရဲ့အသက်ကိုတောင် စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်ထားကြတာ ဖြစ်ပါတယ် ။ အားလုံးရဲ့အနာဂတ်အတွက် ကြိုးစားရင်းနဲ့ပဲ အသက်ပေးသွားခဲ့ရတဲ့သူတွေကို ပြည်သူတွေက သူရဲကောင်းတွေအဖြစ် တင်စားခေါ်ဝေါ်ပြီး လေးစားဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်းမှာလည်း အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေ အများအပြားရှိခဲ့ပြီဖြစ်သလို ယခုဧပြီလမှာလည်း ကျဆုံးသူတွေ များစွာရှိနေခဲ့ပြီ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဧပြီလ (၂၇) ရက်နေ့ကတော့ ဒီမောဆိုမြို့နယ်ရှိ (၆) မိုင်၊စံပြကျေးရွာအတွင်းမှာ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ ဦးပေါလူဖြစ်ပြီး အသက် (၅၀)နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ် ။ ရွာမှာပြုလုပ်ထားတဲ့ အတားအဆီးတွေကို တစ်ဖက်က လာရောက်ဖယ်ရှားတဲ့အချိန်မှာ ဖြိုခွင်းခံခဲ့ရတာကြောင့် ဦးပေါလူတစ်ယောက် ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page
Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page

ရွာသားတွေကတော့ ပုဆိုးနဲ့ဝါးလုံးကို အသုံးပြုပြီး ထမ်းစင်ပြုလုပ်ကာ ဦးပေါလူရဲ့ရုပ်အလောင်းကို ပြန်သယ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ငွေတောင်ပြည် နာရေးကူညီမှုအသင်းကလည်း ဦးပေါလူရဲ့နာရေးအတွက် ရေခဲခေါင်းနဲ့ မီးစက်တို့ကို ကူညီပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီမောဆိုမြို့နယ်၊ (၆)မိုင်စံပြကျေးရွာအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ဦးပေါလူရဲ့စျာပနပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page

Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page
Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page
Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page
Photo Credit-"ငွေတောင်ပြည် နာရေးကူညီမှုအသင်း-ငွေတောင်" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T