မီးဖွားထားတာ မကြာသေးပေမယ့်လည်း ကလေးကို သူများနဲ့ထားခဲ့ပြီး အလုပ်သွားလုပ်နေရတာကြောင့် လိုအပ်တာလေးတွေအလှူခံလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/26/260deb2559b46db2fa8f4ced1f47b92747e74fae.jpg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မီးဖွားထားတာ မကြာသေးပေမယ့်လည်း ကလေးကို သူများနဲ့ထားခဲ့ပြီး အလုပ်သွားလုပ်နေရတာကြောင့် လိုအပ်တာလေးတွေအလှူခံလာတဲ့ ပြည်သူတစ်ဦး

ဖေဖော်ဝါရီလကတည်းက စတင်ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် နေရာအနှံ့အပြားမှာ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူတွေက နေ့စဥ်နေ့တိုင်း အပင်ပန်းခံပြီး လူထုလှုပ်ရှားမှုပြုလုပ်နေသလို သူတို့ရဲ့စားဝတ်နေရေးအတွက် လုံးပန်းရှာဖွေနေရတာလည်း ဖြစ်ပါတယ် ။ သာမန်ပြည်သူတွေကတော့ ရရာအလုပ်ကိုပဲ ကြိုးစားပမ်းစား လုပ်ကိုင်ရင်း ရှေ့ဆက်နေကြရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း အမျိုးသမီးတစ်ဦးက သူမရဲ့ကလေးအတွက် လိုအပ်တာလေးတွေကို ပြည်သူတွေဆီမှာ အလှူခံလာခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ မီးဖွားထားတာ မကြာသေးပေမယ့်လည်း ကလေးကိုသူများနဲ့ထားခဲ့ရပြီး အိမ်အကူအလုပ်ကို သွားရောက်လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အခုချိန်မှာ သူမက နေမကောင်းဖြစ်နေသလို ကလေးအတွက်လည်း အဝတ်အစားတွေ လိုအပ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကလေးဗိုက်ပြည့်ရင် သူမလည်း ဗိုက်ပြည့်သလို ခံစားရတာကြောင့် နို့မှုန့်နဲ့ အဝတ်အထည်အဟောင်းလေးတွေသာ လှူပေးကြဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ် ။ အခုလို အကူအညီတောင်းတာကို လိမ်တယ်လို့ ထင်နေတဲ့သူတွေကိုလည်း သူမနေထိုင်တဲ့နေရာကို လာကြည့်ပြီးမှ လှူလို့ရကြောင်း ပြောထားသေးတာ ဖြစ်ပါတယ် ။ သူမရဲ့လိပ်စာကတော့ ပန်းတနော်၊စံနီရွာဇာတိဖြစ်ပြီး ဆက်သွယ်လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်တွေကိုလည်း ဖော်ပြပေးထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T