တောတောင်တွေကြားထဲမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးလိုက်ကုပေးနေကြတဲ့ KNU ဆေးတပ်ဖွဲ့

//s9.kh1.co/6f/6fbc76b9056080e664b2437880ad85a698d2dede.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တောတောင်တွေကြားထဲမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးလိုက်ကုပေးနေကြတဲ့ KNU ဆေးတပ်ဖွဲ့

ကရင်ပြည်နယ်က တချို့ရွာလေးတွေကတော့ စစ်ဘေးဒဏ်ကြောင့် အိုးအိမ်တွေကိုဆုံးရှုံးရပြီး ကရင်တိုင်းရင်းသားတွေခမျာ တောထဲမှာ ပုန်းရှောင်နေရတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်တွေကလည်း အသက်အန္တရာယ်လုံခြုံဖို့အတွက် နေပူပူ၊မိုးရွာရွာ တောထဲမှာသာ အဆင်ပြေသလိုနေထိုင်နေကြရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စစ်ဘေးရှောင်ကလေးငယ်လေးတွေကလည်း အသက်ငယ်ငယ်လေးနဲ့ ဒုက္ခအခက်အခဲတွေကို ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။ပြည်သူတွေကတော့ မိမိတို့မှာလည်း အခက်အခဲရှိတယ်ဆိုပေမယ့် စစ်ဘေးရှောင်ပြည်သူတွေကိုကိုယ်ချင်းစာနာပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။တောထဲမှာအနေကြာလာတာကြောင့် စစ်ဘေးရှောင်နေရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလည်း ဖျားနာနေကြတာဖြစ်ပါတယ်။မွေးဖွားကာစကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း ဆေးကုသမှုပေးဖို့လိုအပ်နေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း KNU ဆေးတပ်ဖွဲ့က စစ်ဘေးရှောင်တိုင်းရင်းသားတွေ ပုန်းခိုနေကြတဲ့ တောတွင်းနေရာအနှံ့ကိုသွားရောက်ပြီး ဆေးကုသပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုး လူသားချင်းစာနာထောက်ထားစိတ်အပြည့်နဲ့တောထဲမှာဆေးကုသဖို့လိုအပ်နေတဲ့ တိုင်းရင်းသားတွေကို မေတ္တာရှေ့ထားပေးနေကြတာဖြစ်လို့ ပီတိဖြစ်စရာကောင်းလှပါတယ်။တစ်မြေထဲနေ၊တစ်ရေတည်းသောက်ပြီး အချင်းချင်းရိုင်းပင်းကူညီနေကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ ကြည်နူးစရာမြင်ကွင်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T