ပြည်သူလူထုကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ ယခုအချိန်အထိ စိတ်ကူးအမျိုးမျိုးနဲ့ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ပြည်သူတွေက အရမ်းစည်းလုံးကြတာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အကြောင်းအရာတစ်ခုခုတင်လိုက်တာနဲ့ မြို့နယ်တိုင်းနီးပါးက တညီတညွတ်တည်း လုပ်ဆောင်ကြတာဖြစ်ပါတယ်။အခုချိန်မှာ အင်တာနက်တွေမရရှိပေမယ့် နယ်ဘက်တွေကလည်း တက်တက်ကြွကြွနဲ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြဆဲဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာဆိုရင် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကလည်း တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။အခုချိန်မှာ ပြည်သူတွေက လူမဲ့သပိတ်အနေနဲ့ paper strike၊eggs strike စတဲ့ ရရာနည်းလမ်းအမျိုးမျိုးနဲ့လည်း မိမိတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း “ဘူးသပိတ်”ဆိုပြီး ဘူသီးတွေမှာ စာလေးတွေရေးထားကာ လမ်းပေါ်မှာ လူမဲ့သပိတ်ကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ပြည်သူတွေကတော့ အရာရာကိုစွန့်လွှတ်ရဲကြပြီး အခက်အခဲ၊အတားအဆီးတွေကြားကနေ မိမိတို့စွမ်းဆောင်နိုင်သလောက်ကို တာဝန်ကျေပွန်စွာနဲ့ထမ်းရွက်နေကြတာ ဖြစ်ပါတယ်။ဒီနေ့အချိန်ထိတစ်ရက်မှမနားကြဘဲ လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက်နဲ့ နေ့စဉ်လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ဇွဲ၊လုံ့လ၊ဝီရိယလည်းရှိတဲ့အပြင်ရဲစွမ်းသတ္တိလည်းပြည့်ဝကြတဲ့ ပြည်သူတွေရဲ့ “ဘူးသပိတ်”ဆောင်ရွက်ထားကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder