အဖြူ၊အစိမ်းကိုဝတ်ဆင်ထားပြီး ဆန္ဒထုတ်ဖော်ထားတဲ့စာရွက်လေးတွေကိုင်ကာ တတ်နိုင်သလောက်ပါဝင်နေကြတဲ့ ဆယ်တန်းကျောင်းသူလေးများ

//s9.kh1.co/c3/c347f16cd79a94addce2469a9bcff076c93b11d6.jpeg
နေ့စဉ်သတင်းများ

 ၂၉-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အဖြူ၊အစိမ်းကိုဝတ်ဆင်ထားပြီး ဆန္ဒထုတ်ဖော်ထားတဲ့စာရွက်လေးတွေကိုင်ကာ တတ်နိုင်သလောက်ပါဝင်နေကြတဲ့ ဆယ်တန်းကျောင်းသူလေးများ

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင် လူကြီးတွေကအစပြုပြီး ကလေးငယ်အဆုံးထိ တတ်နိုင်တဲ့ နေရာကနေစိတ်ဓာတ်အားမာန်နဲ့ ပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကြောင့် ရက်ပေါင်း(၈၈) ရက် ကြာမြင့်သွားသည့်တိုင်အောင် အားအင်အပြည့်နဲ့ တွန်းလှန်နေကြဆဲဖြစ်ပါတယ်။ယခုရက်ပိုင်းတွေမှာဆိုရင် အမြို့မြို့၊အနယ်နယ်မှာနေထိုင်ကြတဲ့ ပြည်သူလူထုက လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ဆယ်တန်းကျောင်းသူလေးတွေက မိမိတို့ရဲ့အနာဂတ်အတွက် သူတို့ရဲ့ဆန္ဒလေးတွေကို ထုတ်ဖော်လိုက်ကြတာဖြစ်ပါတယ်။ကျောင်းသူလေးတွေက အဖြူနဲ့အစိမ်းကို ဝတ်ဆင်ထားကြပြီး ဆန္ဒထုတ်ဖော်ထားတဲ့စာရွက်လေးတွေလည်း ကိုင်ထားကြတာဖြစ်ပါတယ်။သူတို့ရေးသားထားတာလေးတွေကတော့ “ကျောင်းမတက်လို့ စာမတတ်လည်းနေပါစေ အမှန်တရားဘက်ရပ်တည်နေတာမို့ လိပ်ပြာလုံပါတယ်” “လာဘ်ထိုးမှ အမှတ်တိုးမယ့်ခေတ်ပြန်မရောက်ချင်ဘူး” စတဲ့အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုအခြေအနေမှာဆိုရင် ကျောင်းသား၊ကျောင်းသူတွေလည်း ပညာရေးတစ်ပိုင်းတစ်စဖြစ်နေကြပေမယ့် အရာရာကိုစွန့်လွှတ်ရဲကြလို့ တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။Gen X,Y,Zတွေကလည်းမျိုးစက်သစ်လေးတွေရဲ့ အနာဂတ်အတွက် အသက်ကိုတောင်ပေးရဲပြီး အစွမ်းကုန် ရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအတွက် ဆယ်တန်းကျောင်းသူလေးတွေကပါ ဆန္ဒထုတ်ဖော်လာကြတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T