လိပ်ပြာလုံပါစေ ဆိုတဲ့ စကားလုံးထက် ပိုပြီးအဓိပ္ပာယ်ရှိလှတဲ့ အသုံးအနှုန်းတစ်မျိုးအား ပြောပြလာတဲ့ ပြေဇင်

//s9.kh1.co/27/276c84bffcbb172921862c3b642dd278f3463caa.jpeg
အနုပညာရှင်များ

 ၂၈-ပြီ-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတဲ့ သရုပ်ဆောင် ပြေဇင်ကတော့ လက်ရှိမှာလည်း  ချစ်ရတဲ့ မိသားစုနဲ့အတူ  ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို  ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။  သူပါဝင်သော ဇာတ်ကားတိုင်းမှာလည်း  သဘာဝကျကျ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိသူ တစ်ယောက် ဖြစ်ပါတယ်။  အနုပညာအလုပ်ကို တန်ဖိုးထားချစ်မြတ်နိုးသူဖြစ်တာကြောင့်   အောင်မြင်မှုတွေများစွာရရှိအောင် အမြဲကြိုးစားနေသူလည်း  ဖြစ်ပါတယ်။ 

Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 

အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း  ဓမ္မဘက်ကနေ ရပ်တည်ပေးတဲ့ ပြေဇင်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုအတွက်  လေးစားဂုဏ်ယူနေကြတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့  မြန်မာနိုင်ငံမှ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း  သူ့ရဲ့ထင်မြင်ယူဆချက်များကို  လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေပြီး အခုတစ်ခါမှာလည်း လိပ်ပြာလုံပါစေ ဆိုတဲ့ စကားလုံးထက် ပိုပြီးအဓိပ္ပာယ်ရှိလှတဲ့ အသုံးအနှုန်းတစ်မျိုးအား ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ 

Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 

သူကလည်း "  " လိပ်ပြာလုံပါစေ” ဆိုတာထက်

ကျွန်တော်ကတော့

“လိပ်ပြာလှပါစေ” ဆိုတဲ့ အသုံးအနှုန်းကို

ပိုသဘောကျမိတယ်။

“လိပ်ပြာလှပါစေ” မူရင်းရေးသားသူဟာ

ပန်းချီဆရာ စာရေးဆရာ (ဦး)ဝသုန် ရဲ့ ရေးသားချက်ဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေ  လိပ်ပြာလှပြီးသားပါ။

ကိုယ့်လိပ်ပြာ ကိုယ်လှအောင်နေကြစေချင်ပါတယ်။

ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ပေးပါ။" ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Pyay Zin’s Facebook Account 

Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Photo Crd-Pyay Zin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T