ဖျာလုပ်ဖို့အတွက် ကော်ဖီအိတ်ခွံတွေလိုအပ်နေတဲ့ ကိုရင်လေးတွေကိုယ်စား ပြည်သူတွေဆီကနေ အလှူခံပေးလာတဲ့ စေတနာရှင်တစ်ဦး

//s9.kh1.co/15/15f6e46c5483278c3b5112ff3be1643ce268a553.jpg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဖျာလုပ်ဖို့အတွက် ကော်ဖီအိတ်ခွံတွေလိုအပ်နေတဲ့ ကိုရင်လေးတွေကိုယ်စား ပြည်သူတွေဆီကနေ အလှူခံပေးလာတဲ့ စေတနာရှင်တစ်ဦး

မြန်မာနိုင်ငံက ပြည်သူတွေကတော့ အလှူရေစက်လက်နဲ့မကွာဆိုတဲ့ စကားအတိုင်း အလှူအတန်းနဲ့ပတ်သက်ရင် တကယ့်ကို စိတ်အားထက်သန်ကြတာပဲ ဖြစ်ပါတယ် ။ အားနွဲ့သူကို ကူညီတတ်ပြီး ဒုက္ခရောက်သူကို ဖေးမပေးတတ်ကြတဲ့ ပြည်သူတွေက လက်ရှိကာလမှာဆိုရင်လည်း ဒုက္ခရောက်နေတဲ့သူတွေကို တွေ့တာနဲ့ သူတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးတတ်ကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စေတနာရှင်ပြည်သူတွေက "လိုသူယူ ပိုသူကူ" ဆိုတဲ့ အစီအစဉ်တွေကိုလည်း မြို့နယ်အသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ပြည်သူတစ်ဦးက ကိုရင်လေးတွေကိုယ်စား အလှူခံ Post တစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာပဲ ဖြစ်ပါတယ် ။ သူကတော့ ကိုရင်လေးတွေ ဖျာလုပ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် ကော်ဖီမစ်ထုပ်အိတ်ခွံတွေကို အလှူခံထားတာ ဖြစ်ပါတယ် ။ ပုံထဲမှာဆိုရင်လည်း ကိုရင်တစ်ပါးက ကော်ဖီထုပ်အခွံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဖျာတစ်ချပ်ကိုကိုင်ပြီး ပြသထားတာ ဖြစ်ပါတယ် ။

Photo Credit-Aung Kaung Paing's FB Acc
Photo Credit-Aung Kaung Paing's FB Acc

ကိုရင်လေးတွေကတော့ ဒီလိုဖျာလေးတွေလုပ်ဖို့အတွက် ကော်ဖီထုပ်အိတ်ခွံတွေ ထပ်မံလိုအပ်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုရင်လေးတွေကို ကူညီတဲ့အနေနဲ့ စေတနာရှင်တစ်ဦးက ပြည်သူတွေဆီကနေ အိတ်ခွံတွေ အလှူခံလာခဲ့တာ ဖြစ်ပါတယ် ။ အမှိုက်ကနေ ဖျာတစ်ချပ်ဖြစ်လာဖို့အတွက် ပြည်သူတွေလည်း အိမ်မှာအိတ်ခွံလေးတွေရှိရင် စုပြီးလှူဒါန်းလို့ရကြောင်း သူက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Aung Kaung Paing's FB Acc

Photo Credit-Aung Kaung Paing's FB Acc
Photo Credit-Aung Kaung Paing's FB Acc
Photo Credit-Aung Kaung Paing's FB Acc
Photo Credit-Aung Kaung Paing's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T