သတင်းပေးမှုတွေကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပေမယ့် အောင်မြင်စွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တဲ့ သင်္ဃန်းကျွန်းသပိတ်

//s9.kh1.co/db/db37dcf1ff057bc5bdd911b6d630ea225d350a6d.jpeg
နေ့စဉ်သတင်းများ

 ၂၈-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.......

ရန်ကုန်ဟာ ဖိနှပ်ဖြိုခွင်းခံတာတွေအပြင် ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ဆက်တိုက်ရှိနေခဲ့တာကြောင့် အရင်လို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေလည်း လမ်းမတွေထက်မှာ နည်းပါးခဲ့တာကိုတွေ့မြင်ရပါတယ်။ဒါပေမယ့်လည်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါစေ တတ်နိုင်သလောက်နည်းမျိုးစုံကို အသုံးချကာ ပြည်သူတွေကတော့ ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အိမ်အပြင်မထွက်နိုင်တဲ့ ပြည်သူတွေကလည်း အိမ်မှာပဲအရေးကြီးသတင်းတွေကို အချိန်နဲ့တစ်ပြေးညီဝေမျှပေးကြသလို မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေကိုလည်း ကမ္ဘာတစ်ဝှမ်းကသတင်းမီဒီယာတွေအထိရောက်အောင် Twitter ပေါ်မှာ ဖော်ပြရင်း ရရာနေရာတွေကနေ အင်တိုက်အားတိုက်ပါဝင်ပေးနေကြတာလည်းဖြစ်ပါတယ်။လူငယ်တွေကတော့ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီရက်ပိုင်းမှာတော့ ရန်ကုန်ရဲ့ မြို့နယ်တိုင်းနီးပါးမှာ ရာချီ၊ထောင်ချီတဲ့ လူအုပ်ကြီးက လမ်းပေါ်ပြန်ထွက်လာကြပြီး စည်းစည်းလုံးလုံးနဲ့ဆန္ဒထုတ်ဖော်နေကြတာကိုတွေ့မြင်နေရပါတယ်။ဧပြီလ (၂၇) ရက်နေ့မှာလည်း သင်္ဃန်းကျွန်းကလူငယ်တွေစုပေါင်းကာ ပြောက်ကျားသပိတ်ကိုလှုပ်ရှားခဲ့ကြပါတယ်။သတင်းပေးမှုတွေကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပေမယ့် အောင်မြင်စွာဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်းနဲ့ သင်္ဃန်းကျွန်း သမိုင်း ရိုင်းလို့ မဖြစ်ဘူးလို့လည်း ရေးသားဖော်ပြထားပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T