လူငယ်တွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေ နေ့တိုင်းပြန်တွေ့နေရတဲ့ ရန်ကုန်မြို့

//s9.kh1.co/99/99f291adf2396934bbddadcc43f2c2a000e577f2.jpg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ ရန်ကုန်မြို့က လူငယ်တွေ စုပေါင်းပြုလုပ်တဲ့ ဘာတွေလဲ ရန်ကုန်သားတွေ သပိတ်ဟာ twitter ပေါ်မှာ တော်တော်လေး ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဒီ သပိတ်စစ်ကြောင်းအတွင်းမှာတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြောက်ကျားသပိတ်ပြုလုပ်နေတဲ့ လူငယ်တွေများစွာပါဝင်ခဲ့ပြီး မိနစ်ပိုင်းလောက် ချီတက် ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=786,q=100/30/30b0c8158f8781e3c5e26652a37ca0d502ce20c9.jpg
https://s9.kh1.co/__image/w=650,h=531,q=100/8a/8aa295d317937a7dc7ed7723da89dcf12a2ae5b4.jpg

ဒီချီတက်သပိတ်အတွင်းမှာတော့ စမ်းချောင်းက လူငယ်များ ၊ တောင်ဥက္ကလာပက လူငယ်များ ၊ သာကေတက သူငယ်များ ပါဝင်ပြီး လူဦးရေ ရာနဲ့ချီတယ်လို့ သိရပါတယ်။

ဒီပြောက်ကျား သပိတ်စစ်ကြောင်းဟာ စမ်းချောင်းမြို့နယ်အတွင်းက လမ်းကြားတွေထဲမှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး အောင်မြင်စွာလူစုခွဲနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/ec/ec7224d9d9fa34aca3721480518943518069e8ec.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f9/f9a0d06f05ea09e1b88a6c32ef2544a42ff21e39.jpg

ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ ရန်ကုန်မှာ စမ်းချောင်းကလူငယ်စုပေါင်းသပိတ်အပြင် အင်းစိန်က ကြောက်ခေတ်ကိုမှောက်ပစ်သပိတ် ၊ ဘူးသပိတ်ဆန္ဒထုတ်ဖော်မှုတွေအပြင် အခြားသော သပိတ်တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက အခြားသောမြို့တွေမှာလည်း ဖိနှိပ်ခံရမှုတွေကြားထဲကနေ အမျိုးမျိုးသောပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=394,q=100/b9/b9f9c5844ea5381ad57caa29d90891c8b9cf9506.jpg
https://s9.kh1.co/__image/w=650,h=487,q=100/59/593a847609b4c9adaed23a3461493f05ea51d765.jpg
https://s9.kh1.co/__image/w=650,h=511,q=100/bc/bc802dc5982276bac6655c0d7012475b8feccf1c.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T