ဆေးကုသသူတွေ သဒ္ဓါတရားထက်သန်စွာလှူခဲ့တဲ့ ငွေများအား ဘုရားတည်ဖို့အတွက် လိုအပ်တဲ့နေရာများတွင်အသုံးပြုသွားမယ့် ထူးခန့်ကျော်

//s9.kh1.co/e8/e850e98421e9794a2bd41c0c98be5bfa9137a7c2.jpeg
အနုပညာရှင်များ

 ၂၇-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ထူးခန့်ကျော်ကတော့  အနုပညာလောကမှာ  ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ နေရာတစ်နေရာ  ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။   သူကတော့  ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကိုလည်း  ထိမိပြောင်မြောက်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။  အခုလက်ရှိမှာလည်း  တတ်မြောက်ထားတဲ့ ပညာရပ်များဖြင့်  ပြည်သူတွေရဲ့ နာကျင်ကိုက်ခဲမှုတွေကို ပျောက်ကင်းအောင် ကုသပေးနေတာပါ။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

သူရရှိတဲ့ ချွေးနည်းစာငွေများကိုလည်း  လိုအပ်တဲ့ ပြည်သူတစ်ချို့အား လှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။  အခုလိုစိတ်ကောင်းစေတနာကောင်းရှိလွန်းတဲ့ ထူးခန့်ကျော်ကို  ပရိသတ်တွေက အရင်ထက်ပိုပြီး ချစ်ခင်အားပေးနေကြတာပါ။  သူ့ရဲ့လှုပ်ရှားမှုတွေကိုလည်း  ဝေမျှပေးတတ်သူဖြစ်ပြီး မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဆေးကုသသူတွေ သဒ္ဓါတရားထက်သန်စွာလှူခဲ့တဲ့ငွေများအား ဘုရားတည်ဖို့အတွက် လိုအပ်တဲ့နေရာများတွင်အသုံးပြုသွားမယ့် အကြောင်း ရေးသားထားတာပါ။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

သူကလည်း " သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည် ကျွန်တော် ခုနှစ်ရက်သားသမီးများရဲ့ထုံ ကျင် ကိုက်ခဲဝေဒနာများအား အခမဲ့ကုသပေးရာတွင် မိမိတို့သဒ္ဒါအားဖြင့်လှူတန်းသွားသောငွေများအားစေတီတည်ဖို့ရည်ရွယ်ထားခြင်းဖြစ်ပေသည်။ တစ်ချို့သောပုဂ္ဂိုလ်များသည်ကျွန်တော်ထံဆေးလာကုခြင်းမဟုတ်ဘဲ ကျွန်တော်စေတီတည်ရာတွင် သဒ္ဓါစိတ်ပေါက်ကာ လာရောက် လှူဒါန်းခြင်းဖြစ်ပေသည်။ ယနေ့လာရောက်လှူဒါန်းသွားသောအလှူရှင်မိသားစုအားလုံးတို့အားသာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည် ယနေ့လှူဒါန်းသွားသောအလှူရှင်မိသားစုများနှင့် ခုနှစ်ရက်သားသမီးများအားလုံးတို့ဘေးရန်ခပ်သိမ်းကင်းငြိမ်းကာ နှလုံးစိတ်ဝမ်းအေးချမ်းကြပြီးကပ်ကြီးသုံးပါးတို့မှလည်းကင်းဝေကြ၍ ကောင်းကျိုးလိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြပါစေ အလှူရှင်မိသားစုတို့လည်းဒီထက်မကလှူဒါန်းနိုင်ကြသောပုဂ္ဂိုလ်ထူးမြတ်များဖြစ်ကြပါစေ။ ကျွန်တော်ထံလှူဒါန်းထားသောအလှူရှင်များအားဆက်လက်ဖော်ပြပေးပါအုံးမည် အားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်???" ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account 

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T