ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်ပတ်ပြည့်နေပြီဖြစ်တဲ့ သားလေးအတွက် စိုးရိမ်ပူပန်ပြီး အမြန်ဆုံးပြန်လွတ်ဖို့ ဆုတောင်းနေရှာတဲ့ မိခင်တစ်ဦး

//s9.kh1.co/4b/4b044566606153f963ab479d5d9b053db837696a.jpg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်ပတ်ပြည့်နေပြီဖြစ်တဲ့ သားလေးအတွက် စိုးရိမ်ပူပန်ပြီး အမြန်ဆုံးပြန်လွတ်ဖို့ ဆုတောင်းနေရှာတဲ့ မိခင်တစ်ဦး

လက်ရှိကာလအတွင်းမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားလာခဲ့ပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြည်သူတွေလည်း များစွာရှိနေပြီ ဖြစ်ပါတယ် ။ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူတွေထဲမှာ လူငယ်တွေ အများဆုံးပါသွားခဲ့တာကြောင့် သူတို့ရဲ့မိဘတွေအနေနဲ့ အရမ်းကိုစိတ်ပူနေရတာ ဖြစ်ပါတယ် ။ မိဘတွေခမျာ သူတို့ရဲ့ကလေးတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ တတ်နိုင်သလောက် ကြိုးစားနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း သားအတွက် စိတ်ပူနေရတဲ့မိခင်တစ်ဦးက သူမရဲ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ဟထားတာ ဖြစ်ပါတယ် ။ အဲ့ဒီအမျိုးသမီးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူမရဲ့သားလေး အမြန်ဆုံးပြန်လွတ်ဖို့အတွက် ဆုတောင်းနေရှာတာပဲ ဖြစ်ပါတယ် ။ သူမရဲ့သားလေးက ဖမ်းဆီးထိန်းသိမ်းခံထားရတာ အခုဆိုရင် တစ်ပတ်တောင်ရှိသွားခဲ့ပြီဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် "အမေ့သားလေးကသူတော်ကောင်းလေးပါ ဘာရည်ရွယ်ချက်မှ ရှိမှာ မဟုတ်ပါဘူး ?ကလေးသဘာဝ စပ်စုတာနေမှာပါ " ဆိုပြီး သားလေးရဲ့အကြောင်းတွေကို ပြောပြနေတဲ့ မိခင်တစ်ဦးရဲ့စကားတွေကလည်း တကယ့်ကို စိတ်မကောင်းဖြစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ သားကိုမတွေ့ရလို့ လွမ်းဆွတ်တမ်းတနေတဲ့ မိခင်တစ်ယောက်ရဲ့အဖြစ်ကို ပြည်သူတွေကလည်း စာနာနားလည်ပြီး ကရုဏာသက်ခဲ့ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် သားလေးနဲ့ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေလို့လည်း ပြည်သူတွေက ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T