ပြေးရင်းလွှားရင်းနဲ့ မောပန်းလာတဲ့ကလေးတွေကို သူ့ရဲ့ရေခဲချောင်းတွေ အလကားကျွေးခဲ့တဲ့ ဘဘကြီးအကြောင်းပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/4c/4c106d141d74aaf324783c4c262842c364a10fd2.jpg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပြေးရင်းလွှားရင်းနဲ့ မောပန်းလာတဲ့ကလေးတွေကို သူ့ရဲ့ရေခဲချောင်းတွေ အလကားကျွေးခဲ့တဲ့ ဘဘကြီးအကြောင်းပြောပြလာတဲ့ ပြည်သူတစ်ဦး

လူငယ်တွေကတော့ သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ အခုချိန်မှာ နေ့မနား ညမနား ကြိုးစားအားထုတ်နေကြတာ ဖြစ်ပါတယ် ။ အခက်အခဲ၊ အတားအဆီးတွေကြားကနေ လူထုလှုပ်ရှားမှုပွဲတွေကို ရအောင်ပြုလုပ်နေကြတဲ့ လူငယ်တွေက ပြည်သူတွေရဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်နေတာ ဖြစ်ပါတယ် ။ ဒီလိုလူငယ်တွေကို ချီးကျူးလေးစားတဲ့အနေနဲ့ စေတနာရှင် ပြည်သူတွေကလည်း တတ်နိုင်သလောက် အကူအညီပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက စိတ်ရင်းစေတနာကောင်းတဲ့ ဘဘကြီးတစ်ယောက်ရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အဲ့ဒီဘဘကြီးကတော့ ပြေးရင်းလွှားရင်းနဲ့ မောပန်းလာတဲ့ လူငယ်တွေကို သူရောင်းနေတဲ့ ရေခဲချောင်းတွေ အလကားလိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ် ။ ရေခဲပုံးရဲ့အဖုံးအပေါ်မှာ ရေခဲထုပ်တွေတင်ပြီး လိုက်ဝေပေးပါဦးလို့ ပြောခဲ့တဲ့ ဘဘကြီးက ပိုက်ဆံပေးတာတောင် မယူဘဲ အတင်းငြင်းလွှတ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo by Myanmarload TV
Photo by Myanmarload TV

ပြည်သူတစ်ယောက်က အဲ့ဒီဘဘကြီးကို (၅၀၀၀) တန်တစ်ရွက် ထုတ်ပေးတာတောင်မယူဘဲ (၄၀၀၀)တောင် မရမက ပြန်အမ်းခဲ့သေးတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဘဘကြီးက "ဘဘကလည်း ငါ့တူတို့နဲ့ အတူတူဘဲကွ" ဆိုပြီး အနားကိုကပ်ကာ တိုးတိုးလေးပြောသွားခဲ့ကြောင်း စာထဲမှာ ရေးသားထားတာလည်း ဖြစ်ပါတယ် ။ မရှိရှိတာလေးနဲ့တောင် ရအောင်လှူဒါန်းတတ်တဲ့ ဘဘကြီးရဲ့စေတနာတွေကြောင့် လူငယ်တွေလည်း ပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T