စက်ဘီးလေးတစ်စီးနဲ့ လမ်းပေါ်ထွက်ပြီး မုန့်ဖတ်ထုပ်ရောင်းနေရတဲ့ ကလေးလေးကိုတွေ့ရင် ကူညီပေးကြဖို့ မေတ္တာရပ်ခံလာတဲ့ပြည်သူတစ်ဦး

//s9.kh1.co/d2/d25a98abff84757e33f79974819fb1a789fffaa2.jpg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

စက်ဘီးလေးတစ်စီးနဲ့ လမ်းပေါ်ထွက်ပြီး မုန့်ဖတ်ထုပ်ရောင်းနေရတဲ့ ကလေးလေးကိုတွေ့ရင် ကူညီပေးကြဖို့ မေတ္တာရပ်ခံလာတဲ့ပြည်သူတစ်ဦး

ပြည်သူတွေက လူထုလှုပ်ရှားမှုပွဲတွေမှာ တက်တက်ကြွကြွပါဝင်သလို အခုချိန်အထိ ဇွဲမလျော့ဘဲ ရှေ့ဆက်နေကြတာလည်း ဖြစ်ပါတယ် ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သာမန်ပြည်သူတွေကတော့ သူတို့ရဲ့ဝမ်းရေးအတွက် အန္တရာယ်တွေကိုတောင် ဂရုမထားနိုင်ဘဲ လမ်းပေါ်ထွက်ကာ ရှာဖွေနေရတာပဲ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် သာမန်လက်လုပ်လက်စား ပြည်သူတွေရဲ့ဘဝကို စာနာနားလည်တဲ့အနေနဲ့ သူတို့ကိုယ်စား အကူအညီတောင်းခံပေးတဲ့ Post တွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မြင်တွေ့လာရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader @SH1
Photo Credit-Original Uploader @SH1

အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက ဝမ်းရေးအတွက် မုန့်ဖတ်ထုပ်လိုက်ရောင်းနေရတဲ့ ကလေးလေးကိုတွေ့ရင် ကူညီပေးကြဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ် ။ ဒီကလေးလေးကတော့ အသက် (၉) နှစ်အရွယ်သာရှိသေးပေမယ့်လည်း ကိုယ်တိုင်စက်ဘီးနင်းပြီး လမ်းတကာလှည့်လည်ကာ စျေးရောင်းနေရရှာတာပဲ ဖြစ်ပါတယ် ။ ဒီကလေးနဲ့ တွေ့ဆုံခဲ့ရတဲ့ ပြည်သူတစ်ဦးက သူမေးမြန်းခဲ့သမျှကို ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

စာထဲမှာတော့ စျေးရောင်းမကောင်းတာကြောင့် ညနေ (၆) နာရီအထိတောင် ကလေးလေးဆီမှာ မုန့်ဖတ်ထုပ်တွေ အများကြီးကျန်နေသေးကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ဗိုက်ကလည်းဆာနေရှာပြီး မုန့်ဖိုးတောင်မရသေးတဲ့ ကလေးလေးရဲ့အဖြစ်ကို ကရုဏာသက်မိတာကြောင့် မြောက်ဒဂုံမြို့နယ်က ပြည်သူတွေအနေနဲ့ ဒီကလေးကိုတွေ့ရင် ဖေးမကူညီပေးကြဖို့ တောင်းဆိုထားတာပဲ ဖြစ်ပါတယ် ။ အသက်ငယ်သေးပေမယ့်လည်း အန္တရာယ်တွေကြားကနေ လမ်းပေါ်ထွက်ပြီး မုန့်ဖတ်ထုပ်ရောင်းနေရတဲ့ ကလေးလေးကိုတွေ့ရင် အားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါရစေ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T