အရင်းပြုတ်သွားတာကြောင့် သစ်သီးမရောင်းတော့ဘဲ လမ်းပေါ်ထွက်ပြီး ကျန်းမာရေးအတွက်အလှူခံနေရတဲ့အဘွားတစ်ဦး

//s9.kh1.co/af/af282a4e49b114e06e09309b454caf4d637f82b2.jpeg
နေ့စဉ်သတင်းများ

 ၂၇-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အရင်းပြုတ်သွားတာကြောင့် သစ်သီးမရောင်းတော့ဘဲ လမ်းပေါ်ထွက်ပြီး ကျန်းမာရေးအတွက်အလှူခံနေရတဲ့အဘွားတစ်ဦး

ပြည်သူလူထုကတော့ အခက်အခဲကြုံတွေ့နေရသူတိုင်းကို ကိုယ်ချင်းစာနာပြီး သနားညှာတာစိတ်နဲ့ဖေးမပေးကြတာဖြစ်ပါတယ်။အခုလိုအချိန်မှာဆိုရင် လူတိုင်းနီးပါးက အလှူအတန်းကိုပိုမိုလုပ်ဆောင်ကြပြီး ပြည်သူတွေစုပေါင်းအားနဲ့ အရာရာကိုရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် ခိုးကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကတော့ တစ်နေ့တာစားသောက်ဖို့အတွက်တောင် ခက်ခဲနေရတာဖြစ်လို့ လမ်းပေါ်ထွက်ပြီး စျေးရောင်းတဲ့သူကလည်းရောင်းနေကြသလို တချို့အဘိုး၊အဘွားတွေလည်း အလှူခံနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်က အရင်တုန်းကဆိုရင် ကျောက်မြောင်းစတိုးဘေးလမ်းမှာ ဖရဲသီး၊သစ်သီးတွေရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုတာဖြစ်ပါတယ်။အဘွားက အမြဲမျက်နှာပြုံးပြုံးနဲ့သဘောကောင်းတော့ အနီးနားဝန်းကျင်ကပြည်သူတွေလည်း သတိထားမိနေကြတာဖြစ်ပါတယ်။အဘွားက အခုနောက်ပိုင်းမှာ အရင်းပြုတ်သွားတာကြောင့် စျေးမရောင်းတော့ဘဲ ကျန်းမာရေးအတွက်လမ်းပေါ်ထွက်ပြီး အလှူခံနေရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားက “ဒီလိုမျိုးအလှူခံမစားချင်ပါဘူး စျေးပြန်ရောင်းချင်ပါတယ်”ဆိုပြီး ပြည်သူတစ်ဦးကိုရင်ဖွင့်နေတာဖြစ်ပါတယ်။ဒီလိုကာလကြီးမှာ ဒုက္ခအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အဘွားကတော့ အဆင်ပြေသလိုသာရပ်တည်နေရတာဖြစ်ပါတယ်။အဘွားကိုကိုယ်ချင်းစာနာပြီး ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့(09795129345)ကိုဆက်သွယ်လို့ရပါတယ်။အသောကစျေးဘက်ကိုရောက်တဲ့အခါ လမ်းပေါ်မှာအလှူခံနေတဲ့ဒီအဘွားကို တွေ့ခဲ့ရင် တတ်နိုင်သလောက်လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T