လှောင်ပြောင်မှုတွေနဲ့ လိင်အမျိုးအစားခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ကြဖို့ တိုက်တွန်းပြောပြလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/be/be191c390c6cdebe5bea9c08e812248f8ddfa1b2.jpg
အနုပညာရှင်များ

 ၂၆-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာ ရရှိထားကြသူတွေထဲမှာ သရုပ်ဆောင်မင်းသမီးချော နွယ်ဒါလီထွန်းကလည်း တစ်ယောက်အပါအဝင်ပါပဲ..။

နွယ်ဒါလီထွန်းကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ တစ်တပ်တစ်အားပါဝင်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ ပါဝင်လာတဲ့ နွယ်ဒါလီထွန်းကတော့ လက်ရှိမှာလည်း တတ်နိုင်တဲ့ဘက်ကနေအားဖြည့်ပါဝင်နေသလို လိင်အမျိုးအစားခွဲခြားဆက်ဆံမှုတွေကို ရပ်တန့်ကြဖို့ တိုက်တွန်းလာပါတယ်..။

လိင်ဝိသေသကွဲပြားနေထိုင်သူတွေဟာ သာမာန်လူတွေထက် နှိမ့်ချခံရလေ့ရှိပြီး လှောင်ပြောင်ခံရမှုတွေနဲ့ ရင်ဆိုင်နေရသလို လက်ရှိအခြေအနေတွေမှာလည်း ပိုပြီးဆိုးရွားတာတွေဖြစ်နိုင်တာကြောင့် လိင်အမျိုးစားခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ကြဖို့ ပြောပြလာတာပဲ ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

"မြန်မာနိုင်ငံမှာ လိင်ဝိသေသကွဲပြားနေထိုင်သူတွေဟာ အရင်ထဲက သာမာန်လူတွေထက်ပိုပြီး နှိမ့်ချခံရလေ့ရှိတယ် အလှောင်ပြောင်ခံရလေ့ရှိပါတယ်။ မန္တလေးမှာ အရင်က transgender တွေကိစ္စနဲ့ပါတ်သတ်ပြီး ရဲတွေကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေပြန်ကြည့်ပါ။ အခုလို ဥပဒေမဲ့ ပြီး မတရားကျူးလွန်နေတဲ့ကာလမှာဆို ပိုပြီးဆိုးရွာတဲ့ အရာတွေဖြစ်သွားနိင်ပါတယ်။

အဖမ်းဆီးခံရတဲ့သူအတွက် speak out လုပ်ပေးကြပါ။ တော်လှန်ရေးကာလမှာ အာဏာရှင်ကိုသာမက လူအဖွဲ့အစည်းမှာ မသင့်တော်တော့တဲ့ social norms တွေကိုပါ တခါတည်းတိုက်ထုတ်သွားရမှာပါ။

လိင်အမျိုးစားခွဲခြားဆက်ဆံမှုတွေ ရပ်တန်းကရပ် ?.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ထောက်ခံအားပေးကြတဲ့အကြောင်းတွေ ပြန်လည်ရေးသားထားတာ တွေ့ရပါတယ်..။

Photo Credit - Nwe Darli Tun's Fb Acc
Photo Credit - Nwe Darli Tun's Fb Acc

သတင်း အရင်းအမြစ်Nwe Darli Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T