လမ်းမကြီးတွေထက်မှာ ပြန်လည်အသက်ဝင်လာခဲ့တဲ့ ရန်ကိုကုန်အောင်ရှင်းမယ့် ရန်ကုန်သပိတ်စစ်ကြောင်း

//s9.kh1.co/8b/8b82bbc22443ce5ee74ef7642db7becbd5956db8.jpeg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

....

ဖေဖော်ဝါရီလ (၁) နေ့ထဲကစကာ တစ်ရက်ပြီးတစ်ရက်ကြာမြင့်လာပြီဖြစ်တဲ့ လက်ရှိမြန်မာနိုင်ငံအခြေအနေမှာဆိုရင် ပြည်သူလူထုကလည်း ဒီနေ့ဒီချိန်အထိ ဇွဲမလျော့ကြသေးဘဲ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ နေရာတိုင်းမှာလည်း အဖမ်းအဆီးတွေ အပစ်အခတ်တွေရှိနေတာကြောင့် အရင်လောက်တော့ ဆန္ဒထုတ်ဖော်သူတွေမရှိတော့ပေမယ့် ပြည်သူတွေကတော့ ရရနေရာကနေ  strike လုပ်နိုင်မယ့် နည်းလမ်းတွေကို အချိန်ပြည့် စဉ်းစားနေကြတာလည်းဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီရက်ပိုင်းမှာတော့ ရန်ကုန်အပါအဝင် မန္တလေးမြို့ကြီးတွေမှာ လူငယ်တွေစုပေါင်းပြီး ပြောက်ကြားသပိတ်တွေကို စတင်ပြန်လည်လှုပ်ရှားလာကြတာကို ကြက်သီးထဖွယ်တွေ့မြင်နေရပါတယ်။ ဧပြီ (၂၃) ရက်နေ့မှာဆိုရင်လည်း " ဘာတွေလည်း ရန်ကုန်သားတွေ" ဆိုတဲ့ သပိတ်စစ်ကြောင်းကြောင့် ရန်ကုန်ရဲ့ နွေဦးတော်လှန်ရေးကြီးဟာ ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ ထိုပုံရိပ်တွေကပဲ နိုင်ငံတကာရဲ့ သတင်းမီဒီယာတွေထိ ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့ ဧပြီလ(၂၆) ရက်နေ့မှာလည်း "ရန်ကိုကုန်အောင်ရှင်းမယ့် ရန်ကုန်သပိတ်စစ်ကြောင်း" ကြီးကို မြို့နယ်အသီးသီးက GenZ တွေစုပေါင်းကာ လူစည်ကားရာ နေရာဖြစ်တဲ့ တာမွေမြို့မှာ ဆိုင်းဘုတ်များကိုင်ဆောင်ရင်း သံပြိုင်ကြွေးကြော်ကာ ချီတက်လှုပ်ရှားခဲ့ကြတာကိုတွေ့မြင်ရပါတယ်။အချိန်ခဏအတွင်းမှာပဲ ထိုပုံရိပ်တွေဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံခဲ့ပြီး အားလုံးကလည်း လူငယ်လေးတွေရဲ့ သတ္တိကို ချီးကျူးနေကြပါတယ်။ ပရိသတ်ကြီးအတွက် ရန်ကုန်သပိတ်စစ်ကြောင်းရဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T