မိခင်ရဲ့လစဉ်ဆေးဖိုးနဲ့ စားဝတ်နေရေးအတွက် လမ်းဘေးမှာ ဂီတာတီး၊သီချင်းဆိုပြီး ဖျော်ဖြေနေတဲ့ ကိုရိုးရိုးမြင့်ဆွေ

//s9.kh1.co/ff/ff7453d2dbaeb2046c80df3430a8beca3f037822.jpeg
နေ့စဉ်သတင်းများ

 ၂၆-ပြီ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မိခင်ရဲ့လစဉ်ဆေးဖိုးနဲ့ စားဝတ်နေရေးအတွက် လမ်းဘေးမှာ ဂီတာတီး၊သီချင်းဆိုပြီး ဖျော်ဖြေနေတဲ့ ကိုရိုးရိုးမြင့်ဆွေ

ပြည်သူတိုင်းနီးပါးကတော့ ဒီလိုကာလမှာ ကြိုးကြိုးစားစားနဲ့ရုန်းကန်နေရပြီး စီးပွါးရေးကိုလည်း အဆင်ပြေသလိုသာလုပ်ဆောင်နေကြရတာဖြစ်ပါတယ်။တချို့မိသားစုတွေဆိုရင် လက်ရှိအခြေအနေမှာတောင် လမ်းပေါ်ထွက်ပြီးဝမ်းရေးအတွက်ရှာဖွေနေကြတာဖြစ်ပါတယ်။ပြည်သူတချို့ကလည်း ခက်ခဲနေကြတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေပံ့ပိုးကူညီပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်လေးတစ်ဦးက မိခင်ရဲ့လစဉ်ဆေးဖိုးနဲ့ စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး ဂီတာတီး၊သီချင်းဆိုဖျော်ဖြေနေတာဖြစ်ပါတယ်။

Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc

လူငယ်လေးရဲ့နာမည်ကတော့ ကိုရိုးရိုးမြင့်ဆွေဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း အားတက်သရောပါဝင်ခဲ့တာဖြစ်ပါတယ်။ကိုရိုးရိုးမြင့်ဆွေရဲ့မိခင်က အရိုးကင်ဆာရောဂါဝေဒနာကိုခံစားနေရတာကြောင့် ဆေးကုသဖို့အတွက် လစဉ်ဆေးဖိုးလိုအပ်နေတာဖြစ်ပါတယ်။ကိုရိုးရိုးမြင့်ဆွေကလည်း သားကြီးပီပီ မိခင်အတွက်ဆေးဖိုးအဆင်ပြေအောင်လို့ ကိုယ်တိုင်ရုန်းကန်ပြီး တတ်မြောက်တဲ့ပညာလေးနဲ့ရှာဖွေနေတာဖြစ်ပါတယ်။ကိုရိုးရိုးမြင့်ဆွေက ရန်ကုန်မြို့ရဲ့နေရာအနှံ့ကိုသွားရောက်ပြီး ဂီတာတစ်လက်နဲ့  သီဆိုဖျော်ဖြေနေတာကြောင့် တချို့ပြည်သူတွေကလည်း သူ့အတွက်တတ်နိုင်သလောက်ကူညီလှူဒါန်းကြတာဖြစ်ပါတယ်။

Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc

ကိုရိုးရိုးမြင့်ဆွေကတော့ မိသားစုအတွက် ထောက်ပံ့ပေးဖို့လုပ်နေတဲ့သူအဖြစ်နဲ့ပဲမြင်ပေးကြဖို့ မေတ္တာရပ်ခံထားပြီးသူ့ကြောင့်အနှောင့်အယှက်ဖြစ်ခဲ့ရင် တိုးတိုးလေးလာပြောပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ကိုရိုးရိုးမြင့်ဆွေက ဧပြီလ(၂၅)ရက်နေ့ ညပိုင်းလောက်က လမ်းပေါ်မှာသီဆိုဖျော်ဖြေနေရင်း ဖမ်းဆီးခံခဲ့ရလို့ ပြည်သူတွေကလည်းသူ့အတွက် Speak Outလုပ်ပေးကြတာဖြစ်ပါတယ်။ည(၈)နာရီနောက်ပိုင်းမှာတော့ ကိုရိုးရိုးမြင့်ဆွေလည်း ပြန်လွတ်လာတာကြောင့် ပြည်သူတချို့က ဝမ်းသာနေခဲ့ကြတာဖြစ်ပါတယ်။မိဘကိုလုပ်ကျွေးနေတဲ့ ကိုရိုးရိုးမြင့်ဆွေကိုပြည်သူတချို့ကလည်း ဝိုင်းဝန်းကူညီပေးနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit:Yoe Yoe Myint Swe’s Fb Acc
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Yoe Yoe Myint Swe’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T