ခုနှစ်ရက်သားသမီးများ ဘေးအန္တရာယ်ကင်းဝေးအောင် မြတ်စွာဘုရားရှင်ထံတွင် ဆွမ်းကပ်ကာဆုတောင်းပေးနေတဲ့ ထူးခန့်ကျော်

//s9.kh1.co/83/8320694e2bf7bc3e824e55ec6d8f74f034b3eb14.jpeg
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ထူးခန့်ကျော်ကတော့  ရုပ်သံဇာတ်လမ်းတွဲများတွင်  ပါဝင်ရိုက်ကူးရာမှတစ်ဆင့်  ပရိသတ်တွေရဲ့အားပေးမှုတွေကို  ရရှိပိုင်ဆိုင်ထားတာ  ဖြစ်ပါတယ်။  သူကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့သာမက  လေဖြတ်ဝေဒနာရောဂါခံစားနေရသူတွေကို သက်သာပျောက်ကင်းအောင် ကုသပေးတဲ့ နေရာမှာလည်း  နာမည်ကြီးနေတာပါ။ ဒါ့အပြင် ရရှိတဲ့ ချွေးနည်းစာများဖြင့်  အလှူအတန်းတွေကို တတ်နိုင်သလောက်  လှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

ထူးခန့်ကျော်ကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး  အဓိဌာန်တွေလည်း မကြာခဏဝင်ရောက်လေ့ရှိသူပါ။ သူပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုမှန်သမျှကိုလည်း  ခုနှစ်ရက်သားသမီးများရရှိအောင် ဆုတောင်းမေတ္တာပို့သနေတာ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  မြတ်စွာဘုရားရှင်အား ဆွမ်းကပ်လှူဒါန်းနေတဲ့ ပုံရိပ်တွေကို ဝေမျှထားတာ  ဖြစ်ပါတယ်။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

" ဒီတစ်ပတ်တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆွမ်းဘုန်းပေးရာ၌ပိုမိုပြီးအဆင်ပြေဘုန်းပေးနိုင်ရန်ဒံပေါက်ဆွမ်းဟင်းလျာ ဘောဇဥ်ချိုချဥ်အဖြာဖြာအရသာနှင့်ပြည့်စုံသော ဆွမ်းများအားဆက်ကပ်လိုက်ရချင်းကြောင့်အင်မတန်ပီတိကုသိုလ်များဖြစ်ခဲ့ရလေသည် ယခုလိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဆွမ်းဆက်ကပ် လှူဒါန်းမှုသည်၃၁ဘုံကျင်လည်ကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့၏ကောင်းမှုကံစေတနာသဒ္ဓါတရားပင်ဖြစ်ပေသည် ဤကောင်းမှုကံစေတနာသဒ္ဓါတရားတို့ကြောင့်?????ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့အနန္တစကြဝဋ္ဌာအနှံ့ပြန်ပါစေသော် ဓမ္မမြတ်စွာသာသနာရောင်ဝါနေသို့အနန္တစကြဝဋ္ဌာအနှံ့ပြန့်ပါစေသော် သံဃာမြတ်စွာသာသနာရောင်ဝါနေသို့အနန္တစကြဝဋ္ဌာအနှံ့ပြန့်ပါစေသော်?????ဤကောင်းမှု့ကံစေတနာသဒ္ဓါတရားတို့ကြောင့်၇နှစ်ရက်သားသမီးများအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြစေပြီး ကောင်းကျိုးလိုအင်ဟူသမျှပြီးပြည့်စုံစွာရရှိကြ၍ ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးတို့မှကင်းဝေးကြကာ ကပ်ကြီးသုံးပါးတို့မှကင်းဝေးကြစေပြီး ဝဋ္ဋ်ကြွေးကြမ္မာဆိုးတို့မှလည်းကင်းဝေးကြ၍ လိုတိုင်းတရရှိကြပါစေ ဤကောင်းမှုကံစေတနာသဒ္ဓါတရားတို့ကိုလည်း ၃၁ဘုံကျင်လည်ကြကုန်သောလူ နတ် ဗြဟ္မာသတ္တဝါအားလုံးတို့အားအမျှကုသိုလ်ပေးဝေငှပါသည် အမျှရကြ၍ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေကုန်သော်???ကုသိုလ်အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်??? " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account 

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T