စောင့်ကြည့်မှုပေါင်းများစွာနဲ့ အခက်အခဲတွေကြားကနေ သွေးမအေးကြောင်းပြသခဲ့ကြတဲ့ မိုင်းလုံးမြို့က ပြည်သူတွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်များ

//s9.kh1.co/d4/d4ee8c5b63a634d74cde52bd019cf3eccc4eac7f.jpg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စောင့်ကြည့်မှုပေါင်းများစွာနဲ့ အခက်အခဲတွေကြားကနေ သွေးမအေးကြောင်းပြသခဲ့ကြတဲ့ မိုင်းလုံးမြို့က ပြည်သူတွေရဲ့လူထုလှုပ်ရှားမှုပုံရိပ်များ

အခုဆိုရင် ပြည်သူတွေက သူတို့ရဲ့ဆန္ဒနဲ့ မျှော်လင့်ချက်တွေအတွက် အန္တရာယ်တွေကြားကနေတောင်ရသလောက် ကြိုးစားအားထုတ်နေကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ ကျားမမရွေး ပါဝင်လှုပ်ရှားနေကြတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကိုလည်း ပြည်သူတွေက နေ့စဥ်နဲ့အမျှ ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပြည်သူတွေက ဆုံးဖြတ်ချက်အခိုင်အမာချပြီး နောက်မဆုတ်တမ်း ကြိုးစားနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာတော့ လူငယ်တွေက ပုံစံမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ပြီး လမ်းပေါ်ကို ရအောင်ထွက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့ကဆိုရင်လည်း မိုင်းလုံးမြို့မှာရှိတဲ့ လူငယ်တွေက ရှိတဲ့လူအင်အားလေးနဲ့ပဲ လမ်းလျှောက်ပြီး လှည့်လည်ပြသခဲ့ကြတာ ဖြစ်ပါတယ် ။ အကာအကွယ်ပစ္စည်းတွေတောင် မပါဘဲ ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့ မိုင်းလုံးမြို့က ပြည်သူတွေကတော့ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် သူတို့တွေက စောင့်ကြည့်မှုပေါင်းများစွာနဲ့ အခက်အခဲတွေကြားကနေ ရအောင်ကျော်ဖြတ်ပြီး သွေးမအေးကြောင်း ပြသခဲ့ကြတာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ပြည်သူတွေက လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ဆိုရင် သူတို့ရဲ့အသက်ကိုတောင် ပဓာနမထားဘဲ ရဲရဲဝင့်ဝင့်နဲ့ အရှေ့ထွက်ဖို့ကို ဝန်မလေးကြတာပဲ ဖြစ်ပါတယ် ။ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်နေကြတဲ့ မိုင်းလုံးမြို့က ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ပွဲမြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T