တောင်ကိုရီးယားရောက်မြန်မာလူမျိုးတွေနဲ့အတူ မြန်မာပြည်အတွက် ဖယောင်းတိုင်ထွန်းပြီးဆုတောင်းပေးနေကြတဲ့ ကိုရီးယားပြည်သူလူထု

//s9.kh1.co/89/89e059c9cfe9bfc823d6c7ff41b3e44cba0a1dc7.jpeg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တောင်ကိုရီးယားရောက်မြန်မာလူမျိုးတွေနဲ့အတူ မြန်မာပြည်အတွက် ဖယောင်းတိုင်ထွန်းပြီးဆုတောင်းပေးနေကြတဲ့ ကိုရီးယားပြည်သူလူထု

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးကိစ္စမှာဆိုရင် တောင်ကိုရီးယားပြည်သူတွေကပါ တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။ကိုရီးယားလူမျိုးတွေက တောင်ကိုရီးယားမှာကျောင်းတက်နေကြတဲ့ကျောင်းသား၊ကျောင်းသူတွေနဲ့အလုပ်လုပ်ကိုင်နေကြတဲ့သူတွေကို ဖေးဖေးမမနဲ့ ကူညီနေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း မြန်မာလူမျိုးတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တဲ့အခါ ကိုရီးယားလူမျိုးတွေကလည်းတတ်နိုင်တဲ့နေရာကနေ ပူပေါင်းပေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောင်ကိုရီးယားပြည်သူ၊ပြည်သားတွေကတော့ မြန်မာလူမျိုးတွေရဲ့အခြေအနေကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်ကနေရပ်တည်ပေးနေကြတာဖြစ်ပါတယ်။ဧပြီလ(၂၄)ရက်နေ့ကဆိုရင်လည်း မြန်မာလူမျိုးတွေနဲ့အတူတောင်ကိုရီးယားပြည်သူ၊ပြည်သားတွေက မြန်မာပြည်အတွက် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပေးကြတာဖြစ်ပါတယ်။ကိုရီးယားလူမျိုးတွေကလည်း ဆန္ဒထုတ်ဖော်ထားတဲ့စာရွက်လေးနဲ့ဖယောင်းတိုင်လေးကိုကိုင်ပြီး လမ်းမပေါ်မှာ မတ်တပ်ရပ်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုရီးယားရောက်မြန်မာလူမျိုးတွေနဲ့အတူ မြန်မာ့အရေးအတွက် နေ့တိုင်းလိုလို ကူညီပေးနေကြတဲ့ ကိုရီးယားပြည်သူလူထုရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေကလည်း အခုလိုမျိုးတစ်ဖက်တစ်လမ်းကနေအားဖြည့်ကူညီပေးနေတဲ့ ကိုရီးယားလူမျိုးတွေကို ကျေးဇူးတင်စကားဆိုထားကြသေးတာဖြစ်ပါတယ်။ကိုရိးယားရောက်မြန်မာလူမျိုးတွေကလည်း မိမိတို့ရဲ့အမိမြေအတွက် အားသွန်ခွန်စိုက်ကြိုးစားနေကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T