အိမ်ထောင်စု(၃၀၀)ရဲ့ စားဝတ်နေရေးအဆင်ပြေသွားဖို့အတွက် အခြေခံစားသောက်ကုန်တွေကို အလှူရှင်အားလုံးရဲ့ကိုယ်စား ဝေငှပေးခဲ့တဲ့ ပြည််သူတစ်ဦး

//s9.kh1.co/11/111314d317b8795719e8be2759ad8c5d60c8d1b8.jpeg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်စု(၃၀၀)ရဲ့ စားဝတ်နေရေးအဆင်ပြေသွားဖို့အတွက် အခြေခံစားသောက်ကုန်တွေကို အလှူရှင်အားလုံးရဲ့ကိုယ်စား ဝေငှပေးခဲ့တဲ့ ပြည််သူတစ်ဦး

မေတ္တာတရားလက်ကိုင်ထားပြီး လူသားအချင်းချင်းစာနာထောက်ထားပေးတတ်ကြတဲ့ မြန်မာပြည်သူလူထုကတော့ အခုချိန်မှာလည်း ဘယ်သူ့ကိုမဆို အားပေးကူညီနေကြတာဖြစ်ပါတယ်။ဒီကာလမှာဆိုရင် ပြည်သူလူထုက ကိုယ်တိုင်အခက်အခဲနဲ့ကြုံတွေ့နေရပေမယ့် မိမိတို့ရှိသလောက်အင်အားလေးနဲ့ တခြားသူအပေါ်စေတနာထားနေကြတာဖြစ်ပါတယ်။တချို့လက်လုပ်လက်စားပြည်သူတွေနဲ့ ကျူးကျော်ရပ်ကွက်မှာနေထိုင်ကြတဲ့ပြည်သူတွေက လက်ရှိမှာတော့ စားဝတ်နေရေးအရမ်းကြပ်တည်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း ပြည်သူတွေက “လိုလျှင်ယူ၊ပိုလျှင်လှူ”အစီအစဉ်တွေလည်းပြုလုပ်ကြသလို လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း အလှူခံပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းကြသေးတာဖြစ်ပါတယ်။အခုဆိုရင်လည်းစေတနာရှင်ပြည်သူတစ်ဦးက စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စု(၃၀၀)စာအတွက် ဆန်၊ဆီ၊ကြက်သွန်၊ငါးသေတ္တာ၊အာလူး၊ကုလားပဲနဲ့ ခနောဆန်ပြုတ်ထုတ်တို့ကို ဝေငှပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးပဲ တခြားအလှူရှင်တွေက နေရာအစုံကိုသွားရောက်ပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စားဝတ်နေရေးခက်ခဲနေရတဲ့ ပြည်သူတချို့ကတော့ အခုလိုမျိုးလှူဒါန်းပေးကြတဲ့ အလှူရှင်တွေအကုန်လုံးကို ရင်ထဲကနေကျေးဇူးတင်နေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတွေရဲ့စုပေါင်းအားနဲ့ ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်လို့ ကြည်နူးပီတိဖြစ်စရာကောင်းလှပါတယ်။ပါဝင်လှူဒါန်းပေးကြတဲ့ ပြည်သူတွေရဲ့စေတနာကြောင့်လည်း အခုလိုမျိုးခက်ခဲနေရတဲ့သူတွေကို ကူညီနိုင်တာဖြစ်ပါတယ်။အလှူရှင်တွေရဲ့လှူဒါန်းပေးမှုကြောင့် အချိန်တစ်ခုအထိ စားဝတ်နေရေးအဆင်ပြေသွားကြလို့ ပျော်ရွှင်နေတဲ့ပြည်သူတချို့ရဲ့ပုံရိပ်လေးတွေကို ပီတိဖြစ်စွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T