မြို့လုံးကျွတ် ပိုလျှင်လှူ လိုလျှင်ယူ ဆိုတဲ့ အလှူကြီးကို လူအယောက် (၂၀၀၀) စာပြုလုပ်ခဲ့တဲ့ ညောင်ရွှေမြို့

//s9.kh1.co/c1/c1555dee2afed84ba996416dc273039df1393425.jpeg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံရဲ့ လတ်တလောအခြေအနေတွေကြောင့် ပြည်သူအားလုံးဟာ အခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်နေရတာကိုတွေ့မြင်ရပါတယ်။ အပစ်အခတ်တွေကို ပြင်းပြင်းထန်ထန်နေ့ရော ညရော ရင်ဆိုင်နေတဲ့ နေရာဒေသတွေမှာဆိုရင် မိမိတို့နေအိမ်တွေကိုပါ စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်းရှိနေခဲ့ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူအချင်းချင်းကပဲ ဝိုင်းဝန်းစောင့်ရှောက်ကာ ကူညီဖေးမရင်း ရှေ့ဆက်နေကြတာပါ။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရပ်ဝေးရပ်နီးမှာနေထိုင်ကြတဲ့ လက်လုပ်လက်စား ပြည်သူတွေဟာဆိုရင်လည်း သက်ဆိုင်ရာ လုပ်ငန်းတာဝန်ကိုယ်စီကို ရပ်ဆိုင်းထားရတာကြောင့် စားဝတ်နေရေး အဆင်မပြေမှုတွေကို ရင်ဆိုင်နေရတာပါ။ဒါကြောင့်လည်း ခုဆိုရင် အမြို့မြို့၊အနယ်နယ်က ပြည်သူတွေက လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်လေးကို တက်ညီလက်ညီ ပြုလုပ်လာကြတာကိုတွေ့မြင်ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အခုလည်း ညောင်ရွှေမြို့မှာ မြို့လုံးကျွတ် ပိုလျှင်လှူ လိုလျှင်ယူ ဆိုတဲ့ အလှူကြီးကို လူအယောက် (၂၀၀၀) စာ အောင်အောင်မြင်မြင်နဲ့ ပြုလုပ်ဖြစ်ခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ဒါ့အပြင် ခန့်မှန်းထားသောလူဦးရေထက်ပိုပြီး အယောက်ရေ၂၀၀၀စာအထိ လှုဒါန်းနိုင်ခဲ့ကြောင်းဖော်ပြထားသလို နောက်ထပ် အစီအစဉ်ရှိတိုင်းလည်း ခုလိုတက်ညီလက်ညီ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း နှိုးဆော်ထားတာကိုတွေ့မြင်ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T