အန္တရာယ်ရှိမှန်းသိပေမယ့် သားသမီးတွေရဲ့ဆန္ဒကို မပိတ်ပင်ဘဲ လိုက်လျောပေးကြလို့ အရမ်းလေးစားဖို့ကောင်းတဲ့ မိဘတွေရဲ့ပုံရိပ်တချို့

//s9.kh1.co/4e/4e67b2b0148393757f62a49812a7e58f4bd691ca.jpeg
နေ့စဉ်သတင်းများ

 ၂၅-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်ရှိမှန်းသိပေမယ့် သားသမီးတွေရဲ့ဆန္ဒကို မပိတ်ပင်ဘဲ လိုက်လျောပေးကြလို့ အရမ်းလေးစားဖို့ကောင်းတဲ့ မိဘတွေရဲ့ပုံရိပ်တချို့

ဖေဖော်ဝါရီလ(၁)ရက်နေ့ကစတင်ပြီး ဖြစ်ပေါ်လာတဲ့လက်ရှိအခြေအနေကတော့ ဒီနေ့အပါအဝင် ရက်ပေါင်း(၈၄)ရက် ကြာမြင့်သွားပြီဖြစ်ပါတယ်။ပြည်သူလူထုကလည်း နေ့မနား၊ညမနား ဆန္ဒထုတ်ဖော်လာခဲ့ကြတာ ယခုအချိန်အထိပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် လူငယ်တွေက မိမိတို့ရဲ့အသက်ကိုတောင်စွန့်လွှတ်ရဲတဲ့စိတ်ဓာတ်နဲ့ ရှေ့ဆုံးကနေ အားကြိုးမာန်တက်ပါဝင်နေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် Gen X,Y,Z တွေက မိမိတို့လုပ်ဆောင်နိုင်တဲ့နေရာကနေ တာဝန်ကျေပွန်စွာထမ်းရွက်နေကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုချိန်မှာဆိုရင် တချို့လူငယ်တွေရဲ့ မိဘတွေကလည်း သားသမီးတွေရဲ့ဆန္ဒကို ဖြည့်ဆည့်ပေးပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းခဲ့တာဖြစ်ပါတယ်။မိဘတွေကတော့ ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ မိမိတို့ရဲ့သားသမီးလေးတွေကို အန္တရာယ်ရှိမှန်းသိတာတောင် ကြည်ကြည်ဖြူဖြူနဲ့လမ်းပေါ်လွှတ်ပေးကြတာဖြစ်ပါတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ အစားအသောက်တချို့ကိုလည်း ကလေးတွေရဲ့အိတ်ထဲသေချာထည့်ပေးလိုက်ကြသေးတာဖြစ်ပါတယ်။သားသမီးတွေက အိမ်ကမထွက်ခင်မှာ မိဘကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုအချိန်မျိုးမှာ ပြည်သူတိုင်းနီးပါးက အရာရာကိုပေးဆပ်ရဲပြီး မိမိတို့ရဲ့အနာဂတ်အတွက် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ရဲစွမ်းသတ္တိအပြည့်ရှိကြတဲ့ သားသမီးတွေကို မိဘတွေကိုယ်တိုင်က တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးကြတာဖြစ်ပါတယ်။အခုလိုမျိုး သားသမီးတွေရဲ့ဆန္ဒကို မပိတ်ပင်ဘဲ တတ်နိုင်သလောက်လိုက်လျောကြတဲ့ မိဘတွေရဲ့စိတ်ဓာတ်ကိုလေးစားရင်း နောက်တစ်ချိန်မှာ အမှတ်တရဖြစ်နေမယ့် ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T