နောက်ထပ်အိမ်ထောင်စုတွေကို ထောက်ပံ့ပေးရန် အလှူငွေများထပ်မံလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုလိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/f8/f8d8aa270152e74dbe12fd983c6b7e5876f5f10c.jpeg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်   ဝေဠုကျော်ကတော့  နှစ်ပေါင်းများစွာ  အနုပညာအလုပ်တွေကို ဝါသနာအရင်းခံပြီး  ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။  လက်ရှိမှာတော့  သရုပ်ဆောင်အလုပ်ကို  ခေတ္တစွန့်လွှတ်ကာ  ပရဟိတလုပ်ငန်းတွေကို အစွမ်းကုန်  ကူညီလုပ်ကိုင်ပေးနေတာလည်း  ဖြစ်ပါတယ်။  ဝေဠုကျော်ဟာ  သူ့ကိုယ်ပိုင်ဖောင်ဒေးရှင်းတည်ထောင်ကာ  တစ်နိုင်ငံလုံးက  အကူညီလိုအပ်တဲ့  နေရာတိုင်းကို  သွားရောက်  ဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 

လတ်တလောမှာလည်း  အလှူရှင်များရဲ့  လှူဒါန်းငွေများဖြင့်  စားဝတ်နေရေးခက်ခဲနေတဲ့  အိမ်ထောင်စုတွေကိုကိုယ်စား သွားရောက်  လှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။  နောက်ထပ်ကူညီဖို့ နေရာတွေ ကျန်ရှိနေပြီး  အလှူငွေလက်ကျန်မှာ နည်းနေတာမို့  ဝိုင်းဝန်းလှူဒါန်းပေးကြရန်  မကြာသေးခင်  နာရီပိုင်းလောက်က  ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မေတ္တာရပ်ခံထားတာ  ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 

သူကလည်း " 24-4-2021

ဆန် ဆီ အလှူပစ္စည်းတွေ ထပ်ဖြည့်ထားပါပြီ။

လှူရမယ့် အမှန်တကယ်လိုအပ်နေတယ့် အိမ်တွေ လိုက်ကြည့်တာရယ် ကားတွေ ကျန်းမာရေးမကောင်းတာရယ်

အိမ်ဆောက် အလှူအတွက် စီစဥ်ရတာရယ်နဲ့

၅ရက်လောက် အလှူဟသွားပါတယ်။

အလှူလက်ကျန်ငွေလည်း ကုန်ခါနီးပါပြီ။

မိသားစု ၂၀၀၀ ပြည့်ခါနီးလို့ မိသားစု ၃၀၀၀ ဆီ အရောက်ပို့လှူဖို့ လှူပေးကြပါဦး။

ဒီတစ်ခါ လှူရင် မိုးရာသီရောက်ခါနီးလို့ အမိုးအကာတွေ မမိုးမကာနိုကြတယ့် အိမ်လေးတွေအတွက်ပါ အမိုးအကာတွေ တတ်နိုင်သလောက် လှူပေးသွားပါမယ်။

စားသောက်ဖို့ ပြီးတော့ လုံခြုံနွေးထွေးစွာ နေထိုင်နိူင်ရေးပေါ့။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(K pay)(U Soe Thein)

09455500014

09776089484(Wave)  " ဆိုပြီး လှူဒါန်းနိုင်တယ့် ဖုန်းနံပါတ်တွေပါ ရေးသားထားတာကြောင့်  လိုအကပ်တဲ့ နေရာတွေကို  ကူညီပေးနိုင်ရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw’s Facebook Page 

Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Photo Crd-Wai Lu Kyaw’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T