ဆန္ဒဖော်ထုတ်တဲ့သံချပ်ကို ဆိုလိုက်တာနဲ့ အနောက်ကနေ လိုက်အော်ပြနေတဲ့ ခွေးလေးကြောင့် ကြည့်ရှုသူများပြားနေတဲ့ ဗီဒီယိုဖိုင်တစ်ခု

//s9.kh1.co/67/67ef7174a0deb1572a8feedbf8e7907fd1f5c2b8.jpg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဆန္ဒဖော်ထုတ်တဲ့သံချပ်ကို ဆိုလိုက်တာနဲ့ အနောက်ကနေ လိုက်အော်ပြနေတဲ့ ခွေးလေးကြောင့် ကြည့်ရှုသူများပြားနေတဲ့ ဗီဒီယိုဖိုင်တစ်ခု

ပြည်သူတွေကတော့ ဖေဖော်ဝါရီကစတင်ပြီး ယခုအချိန်အထိတိုင်အောင် လူထုလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ တစ်မျိုးပြီးတစ်မျိုး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေက နေ့ဘက်နေပူပြင်းတဲ့အချိန်မှာတောင် လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ကြသလို ညဘက်မှာလည်း ကျဆုံးသွားတဲ့သူတွေအတွက် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပွဲတွေလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်သူတွေက ဆန်းသစ်တဲ့အိုင်ဒီယာတွေနဲ့ စိတ်ဝင်စားစရာကောင်းစေမယ့် Strike တွေကို ဖန်တီးပြသနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader @BAYBAY
Photo Credit-Original Uploader @BAYBAY
Photo by Myanmarload TV
Photo by Myanmarload TV

မြန်မာနိုင်ငံက ပြည်သူတွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကလည်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာပါ အချိန်နဲ့တစ်ပြေးညီ ဖော်ပြခြင်းခံနေရတာ ဖြစ်ပါတယ် ။ အခုလည်း လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ဗီဒီယိုဖိုင်တစ်ခုက အရမ်းကိုကြည့်ရှုသူများပြားနေတာပဲ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ အမျိုးသားတစ်ဦးက သူ့ရဲ့ခွေးလေးကို စကားတွေပြောရင်းနဲ့ ဆန္ဒဖော်ထုတ်တဲ့သံချပ်ကို ဆိုပြနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ခွေးလေးကလည်း သံချပ်အသံကြားတာနဲ့ အနောက်ကနေ လိုက်အော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေက ဒီခွေးလေးရဲ့ဗီဒီယိုဖိုင်ကြည့်ပြီး သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေး ပျံ့နှံ့သွားပြီး စိတ်ဝင်တစားနဲ့ ကြည့်ရှုသူတွေ များပြားခဲ့တာပဲ ဖြစ်ပါတယ် ။လိမ္မာရေးခြားရှိပြီး ချစ်ဖို့ကောင်းတဲ့ ခွေးလေးရဲ့ဗီဒီယိုကို ပရိသတ်တွေအတွက် အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T