ကျောက်ကပ်ဆေးဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ကြားကနေ သွေးသွင်းဖို့ပါ လိုအပ်လာတာကြောင့် အကူအညီတောင်းခံနေရတဲ့ အမျိုးသားတစ်ဦး

//s9.kh1.co/e7/e7b7319a3090e45a2ef8ae41bb942f60a52a0af0.jpg
နေ့စဉ်သတင်းများ

 ၂၄-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကျောက်ကပ်ဆေးဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ကြားကနေ သွေးသွင်းဖို့ပါ လိုအပ်လာတာကြောင့် အကူအညီတောင်းခံနေရတဲ့ အမျိုးသားတစ်ဦး

လက်ရှိမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူအများစုမှာတော့ စားဝတ်နေရေးနဲ့ပတ်သတ်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီပဲ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေတွေကြားမှာ အမှန်တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတစ်ချို့ကလည်း လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် အကူအညီတောင်းခံနေကြတာ ဖြစ်ပါတယ် ။ အခုလည်း တစ်ပတ်နှစ်ကြိမ် ကျောက်ကပ်ဆေးနေရတဲ့ အမျိုးသားတစ်ဦးက ဆေးကုသဖို့အတွက် ကိုယ်တိုင်အလှူခံနေရတာ ဖြစ်ပါတယ်။

Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc

သူကတော့ လွန်ခဲ့တဲ့ (၁၁)လကစပြီး သွေးအလွန်တိုးရာကနေ ဝဲယာကျောက်ကပ်ပျက်စီးသွားခဲ့တာကြောင့် ကျောက်ကပ်ပုံမှန်ဆေးနေရတာပဲ ဖြစ်ပါတယ် ။ အခုလိုကာလမှာ သူကိုယ်တိုင်ကလည်း ရောဂါသည်ဖြစ်နေလို့ ဘာအလုပ်လုပ်မှ မလုပ်နိုင်တဲ့အပြင် မိခင်ဖြစ်သူရဲ့အလုပ်ကလည်း နားထားတယ်လို့ ဆိုပါတယ်။ ဖခင်ရဲ့ပင်စင်လခလေးနဲ့ လည်း ကျောက်ကပ်ဆေးဖို့အတွက် ဆေးဖိုးဝါးခတွေကို မတတ်နိုင်တာကြောင့် အင်မတန်အခက်အခဲဖြစ်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc

ဒါကြောင့် သူ့အနေနဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် လက်ရှိအခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး အကူအညီတောင်းခံလာခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ကျောက်ကပ်ဆေးရင်းနဲ့ သွေးသွင်းရမှာဖြစ်တာကြောင့် သွေးထုတ်ဝယ်ဖို့အတွက် နောက်ထပ်အလှူခံထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း သူ့အတွက် သဒ္ဓါတရားနည်းများမဆို ပါဝင်ကူညီပေးလို့ရအောင် ဆက်သွယ်လှူဒါန်းနိုင်မယ့် သူ့ရဲ့လိပ်စာနဲ့ ဖုန်းနံပါတ်ကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Win Hlaing's FB Acc

Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Photo Credit-Win Hlaing's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T