ပြည်ပမှာ နေထိုင်ကြသူများက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီပေးသင့်ကြောင်း ရေးသားထားတာကို ပြန်လည်ဝေမျှပေးလိုက်တဲ့ ဆိုဖီယာ

//s9.kh1.co/87/87c06f2ead970ddacadfd72b70481ddc488db20e.jpeg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဆိုဖီယာကတော့  အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။  သူသီဆိုတဲ့ ပြန်ဆိုတေးသီချင်းများကိုလည်း  ပရိသတ်တွေက  တစ်ခဲနက်  အားပေးနားဆင်ကြတာ ဖြစ်ပါတယ်။  သူမကတော့ ရရှိတဲ့ အနုပညာကြေးများကို စုဆောင်းပြီး အလှူအတန်းတွေ ပြုလုပ်လေ့ရှိတာ  ဖြစ်ပါတယ်။

Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 

လတ်တလောမှာလည်း  စားဝတ်နေရေးခက်ခဲနေကြသော  ပြည်သူတွေကို ချစ်ခင်ရတဲ့ မိတ်ဆွေများနဲ့ စုပေါင်းကာ  လိုအပ်တာတွေ  လိုက်လံလှူဒါန်းပေးနေတာ  ဖြစ်ပါတယ်။  ပရိသတ်တွေကိုလည်း  ကုသိုလ်ပိုမိုရရှိအောင်  အလှူတွေ ဒီ့ထက်များများ ပြုလုပ်သင့်ကြောင်းကိုလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  တိုက်တွန်းလေ့ရှိတာပါ။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ဆိုဖီယာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အခြားသူရေးသားထားသော ပို့စ်တစ်ခု ဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 

ဒါကတော့  ပြည်ပမှာ နေထိုင်ကြသူတွေအနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်တွင်းကပြည်သူတွေကို ကူညီပေးသင့်ကြောင်း ရေးသားထားတာကို ပြန်လည်ဝေမျှပေးလိုက်တာ  ဖြစ်ပါတယ်။ " နိုင်ငံခြားမှာ နေတဲ့သူတွေဟာ စိတ်ဒုက္ခရောက် စိတ်ဆင်းရဲနေရတယ် ဆိုပေမယ့်၊ နေ့စဥ်လည်ပတ်မှုတွေမှာတော့ ဒုက္ခ ရောက်မနေကြပါဘူး။

လုံခြုံရေးကို စိုးရိမ်နေရတာမျိုး မရှိဘူး။

အပြင်သွားရင် ဖုန်းအစစ်ခံရမှာလား၊ အဖမ်းခံရမှာလား တွေးပြီး ကြောက်နေစရာ မလိုဘူး။

နောက်နေ့ အသတ်ခံရမယ့်လူက ကိုယ်ဖြစ်မှာလား စိတ်ပူနေစရာ မလိုဘူး။ 

ညအိပ်ခါနီး ကိုယ့်အိမ်ကို တံခါးဖျက်ပြီး ဝင်လာမှာလား စိုးထိတ်နေစရာ မလိုဘူး။ 

ညအချိန်မတော် သေနတ်တွေဖောက်ပြီး အိပ်ရေးပျက်အောင် ​နှောက်ယှက်နေတဲ့သူ မရှိဘူး။ 

အင်တာနက် အဖြတ် မခံထားရဘူး။ 

Facebook ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရတယ်။ သွားချင်ရာ သွားလို့ရတယ်။ 

အလုပ်တွေ ပုံမှန် လုပ်နေပြီးတော့၊ ဝင်ငွေတွေ ပုံမှန်ရနေကြတုန်း ပါပဲ။ 

ပြည်တွင်းကလူတွေကတော့ အပေါ်မှာ ပြောထားတဲ့ ဒုက္ခတွေကို အကုန် ခံကြရပါတယ်။ 

ဒါကြောင့် ပြည်ပ​ရောက် အမျိုးတွေ အနေနဲ့ ကိုယ်သေချာပေါက် လုပ်နိုင်တာ ဖြစ်တဲ့ "လှူ" တဲ့ အလုပ်ကို ဖိပြီး လုပ်ကြပါစို့ဗျာ။ 

ဒီကာလမှာ ကိုယ်အနာခံလိုက်ရရင် ပိုက်ဆံမစုလိုက်ရတာပဲ ရှိမှာပါ။ ပြည်တွင်းက လူတွေကတော့ အသက်ကိုပါရင်းပြီး တွန်းလှန်နေရတာ ဖြစ်ပါတယ်။ 

ခုနောက်ပိုင်းမှာ အကူအညီလိုနေတဲ့သူတွေ ပိုပြီး များလာတော့ လှူရတာလည်း မနိုင်မနင်း ဖြစ်လာပါတယ်။ 

ဒါကြောင့် ပြည်ပက အလှူငွေတွေ ပိုပြီး ရလာဖို့ လိုအပ်ပါတယ်။ 

အဲ့ဒါကြောင့် "လေ" နဲ့တင် မတိုက်ဘဲ "ငွေ" နဲ့ လည်း တိုက်ကြပါစို့။ 

(လေနည်းနည်း ငွေများများ နဲ့ တိုက်ကြစို့ လို့ ဆိုလိုချင်တာပါ)

လှူဖို့ Pressure ပေးသလို ဖြစ်သွားရင် တောင်းပန်

ပါတယ်။ အချိန်ကြာလာတော့ အကူအညီ လိုနေတဲ့သူတွေ ပိုပြီး များလာလို့ပါ။ 

အောင်ပွဲရတဲ့ အထိ ဆက်ပြီး တိုက်ကြစို့။ ??

#credit " ဆိုပြီး ရေးသားထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sophia Everest’s Facebook page 

Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Photo Crd-Sophia Everest’s Facebook page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T