မင်္ဂလာနှစ်ပတ်လည် (၁၉) နှစ်ပြည့်မှာ စိတ်ကျန်းမာရေးဆေးရုံအတွက် (၁၅) သိန်းကျော်လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံ

//s9.kh1.co/aa/aa23d7a6f5a3e9a68897b35c874b84bf27503453.jpeg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောထဲမှာ အောင်မြင်လာခဲ့ပြီး သူမရဲ့အောင်မြင်မှုဟာ ဆယ်စုနှစ်တွေကျော်လွန်လာခဲ့ပါပြီ။ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားကာ အားလုံးက အားကျချစ်ခင်နေရတာပါ။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်ရင်လည်း ခိုင်သင်းကြည်တို့ မိသားစုက အလှူရေစက် လက်နဲ့မကွာဆိုသလို လှူဒါန်းနေတဲ့ သဒ္ဓါတရားထက်သန်လှတဲ့ မိသားစုလည်းဖြစ်ပါတယ်။ အမြဲတမ်းလိုလို အထိမ်းအမှတ်နေ့လေးတွေနဲ့ အခါအခွင့်သင့်ရင်သင့်သလို အလှူလေးတွေကို မိသားစုလိုက်စိတ်သဘောထားတူညီစွာနဲ့ လှူဒါန်းလေ့ရှိကြတဲ့အတွက် ပရိသတ်တွေက တစ်မိသားစုလုံးကို လေးစားနေကြရတာပါ။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

အခုလည်း သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၉) နှစ်ပြည့်မှာ စိတ်ကျန်းမာရေးဆေးရုံအတွက် (၁၅) သိန်းကျော်လှူဒါန်းကာ ကောင်းမှုကုသိုလ်ပြုလုပ်ဖြစ်ခဲ့ကြောင်း အလှူမှတ်တမ်းပုံလေးနဲ့တကွဖော်ပြထားတာတွေ့ရပါတယ်။ခိုင်သင်းကြည်တို့မိသားစုလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးရင်း အလှူပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Source & Photo Credit : Khine Thin Kyi Facebook Page 
Source & Photo Credit : Khine Thin Kyi Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T