ကြွေသွားတဲ့ပန်းလေးတွေကိုအားနာရသလို အမှန်တရားဘက်မှာရပ်တည်တာမို့ လိပ်ပြာသန့်တဲ့အကြောင်း ခိုင်မာပြတ်သားစွာပြောလာတဲ့ချယ်ရီသင်း

//s9.kh1.co/38/3897bf7fce98368f5d720bc0035c2425abd5603b.jpg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းတွေသီဆိုတတ်တာတွေကြောင့် ဂီတလောကမှာအောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်အဆိုတော်တွေထဲမှာ ချယ်ရီသင်းကလည်း အပါအဝင်ပါပဲ..။

ချယ်ရီသင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းနေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

ချယ်ရီသင်းကတော့ အနာဂတ်နဲ့ ယုံကြည်ချက်တွေအတွက် အခက်အခဲတွေကြားက ပြည်သူအားလုံး ကြိုးစားလျှောက်လှမ်းနေတဲ့အချိန် တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသလို သူမရဲ့ခံစားချက်တွေကိုလည်း ရင်ဖွင့်ပြောပြလာပါတယ်..။

ပန်းတွေနဲ့အတူ အမြဲမတ်မတ်ရပ်ခဲ့ပေမယ့် မဖူးပွင့် နိုင်သေးခင်မှာ ကြွေသွားကြရတဲ့ ပန်းကလေးတွေကို အားနာရသလို အမှန်တရား ဘက်မှာရပ်တည်နေတာမို့ လိပ်ပြာသန့်တဲ့အကြောင်းတွေကို ခိုင်မာပြတ်သားစွာ ပြောပြထားတာပါ..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

"စာကြောင်းတောင် ဖြောင့်အောင် မဖတ်တတ်...

ဘာသာစကားတောင် တည့်အောင် မပြောတတ်တဲ့....

လက်တွေထဲ....

ငါတို့ အနာဂါတ်လေးတွေ ထည့်ပေးလို့တော့ မရဘူးနော်...။

တန်ဖိုးကြီးလိုက်တာ....ဒီမိုကရေစီရယ်။

ပန်းတွေနဲ့ အတူ..

အမြဲ မတ်မတ်ရပ်ခဲ့တယ် ဆိုပေမယ့်...

မဖူးပွင့် နိုင်သေးခင် မှာတော့...

ကြွေသွားတဲ့ ပန်းကလေးတွေကို

အားနာတယ်။

အမှန်တရား ဘက်မှာမို့.....

လိပ်ပြာ သန့်တယ် ဆိုပေမယ့်..

လမ်းက အရှည်ကြီး..

ပန်းတွေချည်း နေ့တိုင်း ဖြန့်ခင်းနေရတယ်။

ရင်ထဲမှာ မဆန့်တော့ဘူး.....။ " ဆိုပြီး ရေးသားထားတာပါ..။

ပရိသတ်တွေကလည်း ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ ဖေးမကူညီပေးနေတဲ့ ချယ်ရီသင်းကို အားပေးချစ်ခင်နေတဲ့အကြောင်းတွေကိုလည်း Comment တွေမှာ ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Cherry Thin's Fb Acc
Photo Credit - Cherry Thin's Fb Acc

သတင်း အရင်းအမြစ်Cherry Thin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T