ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေကတော့ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေသလို ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်တာတွေကြောင့် အားလုံးက သဘောကျချစ်ခင်နေကြတာပါ..။
ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်တွေအတွက် ခိုကိုးအရာအဖြစ် မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို လက်ရှိအခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တာတွေ တတ်နိုင်သလောက်ပေးဝေလှူဒါန်းနေတာလည်း တွေ့ရပါတယ်..။
ဒီကနေ့မှာလည်း ခိုင်နှင်းဝေတစ်ယောက် တောင်ဒဂုံနဲ့ ရွှေပြည်သာက စားဝတ်နေရေးခက်ခဲပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ တတ်နိုင်သလောက် ပေးဝေလှူဒါန်းလိုက်ပြန်ပါတယ်..။
ခိုင်နှင်းဝေကတော့ အပတ်စဉ် နေရာစုံလှူနိုင်အောင် ကြိုးစားရင်း Covid ကာလ အတွင်း အိမ်ခြေ (၅) ထောင်ကျော် လှူနိုင်ခဲ့သလို ခက်ခဲနေတဲ့ နေရာတွေ အမှန်တကယ်ရရှိသွားတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းတွေကို ရေးသားပြောပြထားပါသေးတယ်..။
"တောင်ဒဂုံ (၅၆) ရပ်ကွက်နှင့် ရွှေပြည်သာဘက်တို့မှ အိမ်ခြေ (၃၀၀) အား တအိမ်လျှင် ဆန် (၅)ပြည် လှူဒါန်းပေးခဲ့ပါတယ်..အမှန်တကယ် ခက်ခဲနေကြတဲ့ အချိန်မို့ အရမ်းဝမ်းသာနေကြတာ မြင်ရတော့ ပီတိဖြစ်သလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်..အပတ်စဉ် နေရာစုံ လှူနိုင်အောင် ကြိုးစားရင်း Covid ကာလ အတွင်း အိမ်ခြေ (၅) ထောင်ကျော် လှူနိုင်ခဲ့ပါတယ်..ခက်ခဲနေသော နေရာများ အမှန်ကယ် ရရှိသွားတဲ့ အတွက် ရရှိသော ပီတိကုသိုလ်ကို ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များနှင့် ခုနှစ်ရက် သားသမီးများ အားလုံး ထပ်တူ ကုသိုလ် ပွားများ ရရှိနိုင်ကြပါစေရှင်..???..." ဆိုပြီး ပြောပြထားတာပါ..။
လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် ဖေးမကူညီမှုတွေနဲ့ ကိုယ်တိုင်သွားရောက်လှူဒါန်းနေတဲ့ ခိုင်နှင်းဝေရဲ့အလှူကိုလည်း ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Khine Hnin Wai's Fb Acc