တောင်ကိုရီးယားနိုင်ငံကတော့ လက်ရှိမှာဆိုရင် မြန်မာနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ အားပေးကူညီနေတာပဲ ဖြစ်ပါတယ် ။ သူတို့က မြန်မာနိုင်ငံအတွက် ဆန္ဒဖော်ထုတ်ပေးကြသလို ဓာတ်ပုံပြပွဲတွေ၊ Campaign တွေ၊ ဆုတောင်းပွဲတွေကိုလည်း အဆက်မပြတ် ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ လူငယ်ကျောင်းသားကျောင်းသူတွေသာမက ဘုန်းတော်ကြီးတွေ၊ လွှတ်တော်အမတ်တွေကပါ မြန်မာနိုင်ငံကပြည်သူတွေအတွက် အထောက်အကူဖြစ်ပေမယ့် နည်းလမ်းတွေကိုရှာဖွေပြီး အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

တောင်ကိုရီးယားနိုင်ငံက ကျောင်းသားလေးတွေကလည်း မြန်မာပြည်သူတွေအတွက် အလှူငွေတွေ ကောက်ခံလှူဒါန်းပေးခဲ့သလို အားပေးစကားတွေကိုလည်း ရေးသားပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း ကာတွန်းဆရာတွေနဲ့ ပန်းချီဆရာတွေက မြန်မာနိုင်ငံက ပြည်သူတွေအတွက် သူတို့တတ်ကျွမ်းတဲ့ပညာနဲ့ ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ရေးဆွဲပုံဖော်ပြီး သေသေချာချာ ဖော်ပြပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် မန္တလေးမြို့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းမလေး မကြယ်စင်ရဲ့ပုံကိုလည်း ကာတွန်းပုံစံနဲ့ ရေးဆွဲပုံဖော်ပေးထားသေးတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ အားတက်သရော ကူညီပေးနေတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကတော့ တကယ့်ကို လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း မြန်မာပြည်သူတွေက တောင်ကိုရီးယားနိုင်ငံက ပန်းချီဆရာတွေနဲ့ ကာတွန်းဆရာတွေကို ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။