ဘုန်းဘုန်းကို လာနှိပ်ပေးကြဦးလို့ခေါ်လိုက်တာနဲ့ ဘေးပတ်ပတ်လည်မှာဝိုင်းထိုင်ပြီး ပြုစုပေးနေကြတဲ့ ကလေးတွေရဲ့ချစ်စရာပုံရိပ်များ

//s9.kh1.co/e7/e774636ab4c0d876c6de7f8ea2ad723b080c57c4.jpg
နေ့စဉ်သတင်းများ

 ၂၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ဘုန်းဘုန်းကို လာနှိပ်ပေးကြဦးလို့ခေါ်လိုက်တာနဲ့ ဘေးပတ်ပတ်လည်မှာဝိုင်းထိုင်ပြီး ပြုစုပေးနေကြတဲ့ ကလေးတွေရဲ့ချစ်စရာပုံရိပ်များ

အခုလို စိတ်ပင်ပန်းစရာတွေနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ ပြည်သူတွေကို ခဏတာ စိတ်ကြည်နူးသွားစေမယ့် မြင်ကွင်းပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီပုံရိပ်လေးတွေကတော့ "YGW ပရဟိတ မိဘမဲ့ကျောင်း"က ကလေးငယ်တွေရဲ့ပုံတွေပဲ ဖြစ်ပါတယ် ။ ပုံထဲမှာဆိုရင် လိမ္မာရေးခြားရှိတဲ့ ကလေးငယ်တွေက ဘုန်းဘုန်းဘေးမှာ ဝိုင်းထိုင်နေကြပြီး သူတို့တတ်သလောက် ပြုစုပေးနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page

ဘုန်းဘုန်းကလည်း ကလေးတွေကို ရင်အုပ်မကွာ ကြည့်ရှုစောင့်ရှောက်သလို ကလေးငယ်တွေကလည်း သူတို့ရဲ့ဖေဘုန်းကို အရမ်းချစ်ခင်ကြတာ ဖြစ်ပါတယ် ။ အခုလည်း ဖေဘုန်းကို လာနှိပ်ပါဦးလို့ ခေါ်လိုက်တာနဲ့ ကလေးငယ်တွေက ဘုန်းဘုန်းရဲ့ဘေးပတ်ပတ်လည်မှာ အတူတကွထိုင်ပြီး ပြုစုနေကြတာ ဖြစ်ပါတယ် ။ အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတဲ့ ကလေးတွေက ဘုန်းဘုန်းရဲ့သွန်သင်ဆုံးမမှုတွေအောက်မှာ အရမ်းကို သိတတ်လိမ္မာနေကြတာပဲ ဖြစ်ပါတယ် ။ 

Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page

ဘုန်းဘုန်းနဲ့ ကလေးငယ်တွေရဲ့ပုံရိပ်တွေက အရမ်းကို ပီတိဖြစ်စရာကောင်းနေသလို မြင်ရသူတွေအဖို့ စိတ်ကြည်နူးစေတာလည်း ဖြစ်ပါတယ် ။ ဘုန်းဘုန်းရဲ့ "YGW ပရဟိတမိဘမဲ့ကျောင်း"ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၂ )ကနောင်မင်းသားကြီးလမ်း ( ၅၈ )လမ်းမှာ တည်ရှိတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေအနေနဲ့လည်း ကလေးငယ်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင် ဘုန်းဘုန်းဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရနိုင်တာပဲ ဖြစ်ပါတယ် ။ ဘုန်းဘုန်းကို ပြုစုနေတဲ့ ကလေးငယ်တွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page

Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Photo Credit-"YGW ပရဟိတ မိဘမဲ့ကျောင်း မန္တလေး" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T