ဝါသနာပါတဲ့ အိပ်မက်တခုအကောင်အထည်ဖော်ဖို့ လမ်းသစ်တစ်ခုကို စတင်လျှောက်လှမ်းနေတဲ့အကြောင်း ပြောပြလာတဲ့ဥက္ကာမင်းမောင်

//s9.kh1.co/1b/1b02940ff7a63bade61c9afc63dabcdc6ebde01a.jpg
အနုပညာရှင်များ

 ၂၁-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိမှာတော့ New York မှာ အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေရပ်နားထားပေမယ့်လည်း ပရိသတ်တွေဆက်လက် အားပေးချစ်ခင်နေကြတဲ့ ဥက္ကာမင်းမောင်ကတော့ ဝါသနာပါတဲ့ အိပ်မက်တွေထဲက တစ်ခုအကောင်အထည်ဖော်ဖို့အတွက် လမ်းသစ်တစ်ခုကိုလျှောက်လှမ်းနေတဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်..။

Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

ဥက္ကာမင်းမောင်ကတော့ Music နဲ့ ပတ်သတ်ရင် အကောင်းဆုံးကျောင်းတွေထဲကတခုဖြစ်တဲ့ New York က သူအရမ်းတက်ချင်တဲ့ SAE institute မှာ Audio Engineering degree တက်ဖို့ ကျောင်းဝင်ခွင့်ရပြီးအစစအရာရာ အဆင်ပြေစွာနဲ့ စတက်လို့ရပြီဖြစ်တဲ့အကြောင်း ပြောပြလာတာပါ..။

မသေခင်မှာ ဖြစ်ချင်တာတွေနဲ့ ဝါသနာပါတာတွေကို အကုန်ဖန်တီးယူသွားနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်သလို ဝါသနာပါတာကို လေ့လာသင်ယူရမှာကြောင့် အရမ်း စိတ်လှုပ်ရှားတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

"New York က Music နဲ့ပတ်သတ်ရင် အကောင်းဆုံးကျောင်းတွေထဲကတခုဖြစ်တဲ့ SAE institute မှာ Audio Engineering degree တက်ဖို့ ကျောင်းဝင်ခွင့်ရပြီးအစစအရာရာ အဆင်ပြေစွာနဲ့ စတက်လို့ရပါပြီ.. ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာလည်း ဒီကျောင်းရှိပါတယ်.. အရမ်းတက်ချင်နေခဲ့သော ကျောင်း တချိန်က ကြိုးစားခဲ့ပေမယ့် အကြောင်းကြောင်းပေါင်းများစွာနဲ့ အဆင်မပြေခဲ့ဘူး.. ဒီလိုနဲ့ပဲ နှစ်တွေကြာ.. အခုကျတော့လဲ ချောချောမောမောပဲ အဆင်ပြေသွားတယ်.. ကိုယ့်အလုပ်ချိန်တွေနဲ့လဲ လွတ်တယ်.. ဟိုးအရင် green card မရခင် international student အနေနဲ့ကျွန်တော်လည်း ကျောင်းလခက အပြည့်ပေးရတာ မတတ်နိုင်ဘူးလေ..အဲ့အချိန် မိဘက ပိုက်ဆံထုတ်ပေးခဲ့တာဆိုတော့လဲ သူတို့တက်စေချင်ခဲ့တဲ့ Business management major ပဲတက်ခဲ့ပြီးဘွဲ့ရခဲ့တာ.. ကိုယ်ဝါသနာပါတာကို မတက်ခဲ့ရဘူး.. US citizen နဲ့ permanant resident တွေအတွက်ကကျောင်းလခက international student အနေနဲ့ယှဉ်ရင် အများကြီး သက်သာသလို financial aid လည်း လျှောက်လို့ရတယ်.. အခုတော့ ကိုယ်ဝါသနာပါတာလေးကို လေ့လာသင်ယူရမှာဆိုတော့ အရမ်း excited ဖြစ်တယ်..DJ တစ်ယောက်လည်းဖြစ်ချင်တယ်.. ဘဝမှာ မသေခင် ကိုယ်ဖြစ်ချင်တာတွေ ကိုယ်ဝါသနာပါတာတွေကို အကုန် ဖန်တီးယူသွားတဲ့ လူတစ်ယောက်လည်း ဖြစ်ခဲ့ချင်သေးတယ်.. အိပ်မက်တွေထဲက အိမ်မက်တခုအကောင်အထည်ဖော်ဖို့ အတွက် လမ်းသစ်လေးတခု စလျှောက်ခြင်း နိဒါန်းပေါ့..." ဆိုပြီး ဥက္ကာမင်းမောင်က ပြောပြထားတာပါ..။

Photo Credit - Okkar Min Maung's Fb Acc
Photo Credit - Okkar Min Maung's Fb Acc

သတင်း အရင်းအမြစ်Okkar Min Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T