အိမ်ထောင်ဦးစီးဖြစ်သူက ကျည်ထိမှန်ပြီးကျဆုံးသွားတာကြောင့် လက်ရှိမှာ စားဝတ်နေရေးခက်ခဲနေရရှာတဲ့ ကျန်ရစ်သူသားအမိနှစ်ယောက်

//s9.kh1.co/5f/5fd02aeb2cb1da46c00bf7adef6446b9265df193.jpeg
နေ့စဉ်သတင်းများ

 ၁၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်ဦးစီးဖြစ်သူက ကျည်ထိမှန်ပြီးကျဆုံးသွားတာကြောင့် လက်ရှိမှာ စားဝတ်နေရေးခက်ခဲနေရရှာတဲ့ ကျန်ရစ်သူသားအမိနှစ်ယောက်

ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး ရုတ်တရက်ဖြစ်ပေါ်လာတဲ့ လက်ရှိအခြေအနေကို ပြည်သူလူထုက ဇွဲကောင်းကောင်းနဲ့ ရင်ဆိုင်လာခဲ့ကြတာ (၂)လကျော် ကြာသွားပြီဖြစ်ပါတယ်။ဒီအတောအတွင်းမှာလည်း ကျဆုံးသူအရေအတွက်(၇၀၀)ကျော်သွားပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေလည်း ပူဆွေးသောကရောက်နေရတာဖြစ်ပါတယ်။တချို့ကျဆုံးသူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုက အဆင်မပြေကြတာကြောင့် ပြည်သူလူထုကလည်းစုပေါင်းပြီး တတ်နိုင်သလောက်လှူဒါန်းကြကာ အားပေးစကားတွေနဲ့လည်းနှစ်သိမ့်ပေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း (13.4.2021)ရက်နေ့တုန်းက မြစ်ငယ်မြို့ ရန်ကင်းရပ်ကွက်မှာနေထိုင်တဲ့ ကိုအောင်ချစ်သူက အိမ်ထဲထိဝင်ပစ်ခံခဲ့ရတာကြောင့် ပေါင်းရင်းကိုကျည်ထိပြီး နေရာမှာတင်ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ကိုအောင်ချစ်သူတို့ဇနီးမောင်နှံနှစ်ယောက်က ပန်းရံအတူတူလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံမှာ (၃)နှစ်အရွယ်သားလေးတစ်ယောက်လည်းရှိပြီး အခုအခါမှာတော့ အိမ်ထောင်ဦးစီးက အသက်ပေးသွားရလို့ သားအမိနှစ်ယောက်တည်းကျန်နေခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုအောင်ချစ်သူရဲ့နာရေးတုန်းကဆိုရင် အလောင်းကိုစောင်နဲ့ပတ်ပြီး ဝါးထမ်းစင်နဲ့သာသယ်သွားခဲ့ရတာဖြစ်ပါတယ်။ကျန်ရစ်သူသားအမိနှစ်ယောက်ကလည်း လတ်တလောအခြေအနေအရ မြစ်ငယ်မှာမနေရဘဲ တခြားတစ်နေရာမှာ ရှောင်နေကြတာဖြစ်ပါတယ်။အိမ်ထောင်ဦးစီးမရှိတော့လို့ အားကိုးမဲ့သွားရတဲ့ ကျန်ရစ်သူသားအမိနှစ်ယောက်ကို ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့ (09777743949)ကို အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T