ဒီကနေ့နှစ်ဆန်းတစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ အဆိုတော်ရသ

//s9.kh1.co/52/52c4d1e1a601a1d0d9b0d4bdc9e82b6f4bd42678.jpg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ လူငယ်အကြိုက်သီချင်းကောင်းတွေသီဆိုပြီး အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိထားတဲ့ အဆိုတော်ရသကတော့ ဒီကနေ့မှာပဲ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်..။

အဆိုတော်ရသကတော့ မူးယစ်ဆေးဝါးမှုနဲ့ အရေးယူအကျဉ်းချခံထားရတာဖြစ်ပြီး မြန်မာတို့ရဲ့နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ ဒီကနေ့ ဧပြီလ(၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်..။

Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page

အဆိုတော်ရသပြန်လည်လွတ်မြောက်လာတဲ့ သတင်းကောင်းကိုတော့ အဆိုတော်အာဘွိုင်းက ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းကပဲ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှအသိပေးပြောပြထားတာပဲ ဖြစ်ပါတယ်..။

အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းသုံးထောင်ကျော်ကို လွှတ်ပေးခဲ့တာဖြစ်ပြီး အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ရရှိသူတွေထဲမှာ ရသကလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်..။

Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page

"ဒီနေ့ အတွက် သတင်းကောင်း

ရသ ပြန်လွတ်ပြီ။ ✌?.." ဆိုပြီး အဆိုတော်အာဘွိုင်းက ပရိသတ်တွေကို အသိပေးပြောပြပြထားတာဖြစ်ပြီး အားလုံးကလည်း ရသအတွက် ဝမ်းသာနေကြတာပါ..။

အခုလို ပျော်စရာတွေနည်းပါးနေတဲ့အချိန်မှာ အဆိုတော်ရသပြန်လည်လွတ်မြောက်လာတဲ့ သတင်းကောင်းကတော့ ပရိသတ်တွေကလည်း ဝမ်းသာကြတဲ့အကြောင်း အားလုံးကလည်း Comment တွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page
Photo Credit - Ya Tha's Fb Page

သတင်း အရင်းအမြစ်Kyaw Phyo Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T