နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီဝေးကွာနေတဲ့မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့လိုက်တဲ့ မင်းမော်ကွန်း

//s9.kh1.co/00/003a9dfc9bf92a84e7f3faff6847361771c65e8c.jpeg
အနုပညာရှင်များ

 ၁၇-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းမော်ကွန်းကတော့  ဆယ်စုနှစ်တွေများစွာတိုင်အောင်  ပရိသတ်တွေရဲ့  ချစ်ခင်အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတဲ့  အနုပညာရှင်တစ်ဦးပါ။  သူကတော့  ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ  မားမားမတ်မတ်ရပ်တည်ပေးနေပြီး  လူထုလှုပ်ရှားမှုမှာလည်း  တက်ကြွစွာ  ပါဝင်ခဲ့သူဖြစ်ပါတယ်။  အခြေအနေအရပ်ရပ်ကြောင့်  တိမ်းရှောင်နေရပေမယ့်လည်း  ရောက်ရာအရပ်ကနေ  လူထုလှုပ်ရှားမှုများအား  ဆက်လက်ပါဝင်နေဦးမှာဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားထားတာလည်း  ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

ဒါ့အပြင်  ပရိသတ်တွေ သူ့ရဲ့ လုံခြုံရေးအတွက်  စိတ်မပူစေဖို့ကိုလည်း  လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ရေးသားဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  မင်းမော်ကွန်းရဲ့Facebook အကောင့်တွင်  နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီဝေးကွာနေတဲ့မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့လိုက်ကြောင်းကို တင်ထားတာပဲ  ဖြစ်ပါတယ်။  မင်းမော်ကွန်းရဲ့ ဖခင် ဦးဇင်ဝိုင်းဟာ  မကြာသေးခင်ရက်ပိုင်းကပဲ  နေအိမ်တွင်  ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

သူကလည်း " နှစ်ဆန်းတစ်ရက်နေ့မှာ

တစ်နေရာစီမှာဝေးကွာနေတဲ့

အမေနဲ့အဖေကို

အဝေးတစ်နေရာကပဲ

သားကန်တော့ပါတယ်

အမေရော အဖေပါ

ကျန်းမာချမ်းသာစွာရှိနိုင်ကြပါစေ" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  ဒီပို့စ်ရဲ့အောက်မှာလည်း  ပရိသတ်များက  ဝေးကွာနေတဲ့  မင်းမော်ကွန်းတို့မိသားစုများလည်း  အရင်လို တစ်စုတစ်စည်းတည်း ပြန်လည်ဖြစ်ဖို့  သိပ်မလိုတော့ကြောင်း အားပေးစကားများလည်း ရေးသားထားကြတာပါ။  ပရိသတ်တွေအတွက်  ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T