ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောဘေဘီမောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက တရားစခန်းဝင်ကာ ကောင်းမှုကုသိုလ်တွေပြုရင်း နှစ်သစ်ကူးအချိန်အခါကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်..။
စကားပြောပွင့်လင်းပြီး လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေတဲ့ သူမကတော့ နှစ်သစ်ကူးသင်္ကြန်ရက်အတွင်းမှာလည်း ကောင်းမှုကုသိုလ်တွေပြုကာ ပြည်သူပရိသတ်တွေအေးချမ်းစေဖို့အတွက် ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်..။
ဘုရားရိပ် တရားရိပ်မှာ ကောင်းမှုကုသိုလ်တွေပြုရင်း ပြည်သူတွေအတွက် တောင်းဆုတွေခြွေကုသိုလ်ယူနေတဲ့ သူမရဲ့ပုံရိပ်တွေကိုလည်း ဘေဘီမောင်က ပရိသတ်တွေကို ဝေမျှထားပါသေးတယ်..။
"မင်္ဂလာညချမ်းလေးပါ??
သုံးဆယ့်တစ်ဘုံ အတွင်းရှိ
အလုံးစုံသတ္တဝါကျမ္မာ ချမ်းသာကြပါစေ
ဘေးရန်ကင်းကွာ စိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ
မေတ္တာပေးသူ ခံယူသူ
တူတူ အကျိုး ရပါစေ
ကမ္ဘာသူ ကမ္ဘာသားများအားလုံးသောက အေးငြိမ်းကြပါစေ??????.." ဆိုပြီး သူမတို့ရဲ့ ပုံရိပ်တွေကို မျှဝေထားတာပါ..။
သင်္ကြန်ရက်အတွင်း တရားစခန်းဝင်ကာ ကောင်းမှုကုသိုလ်တွေနဲ့ ဖြတ်သန်းနေတဲ့ ဘေဘီမောင်ကတော့ ပြုသမျှကုသိုလ်တွေနဲ့ထပ်တူ ပြည်သူပရိသတ်တွေအတွက် ဆုတောင်းစကားတွေလည်း တောင်းဆုခြွေထားတာပဲ ဖြစ်ပါတယ်..။
နှစ်သစ်ကူးအချိန်ကာလအတွင်းမှာ ကုသိုလ်တွေပြုရင်း ပရိသတ်တွေကိုလည်း ကောင်းမှုကုသိုလ်တွေဝေမျှထားတဲ့ မင်းသမီးချောဘေဘီမောင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေအားလုံးနဲ့ တစ်သားတည်းရပ်တည်နေသူလည်း ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Baby Maung's Fb Acc