အိုးအိမ်စွန့်ခွာ သွားခဲ့ရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသားများအတွက် တတ်နိုင်သလောက် လှူဒါန်းပေးဖို့ တိုက်တွန်းလိုက်တဲ့ ဝေဠုကျော်

//s9.kh1.co/ce/ce1f9a81942c6c8b543ae60cd40a6c07ae47ace8.jpeg
အနုပညာရှင်များ

 ၁၆-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဝေဠုကျော်ကတော့  ပရဟိတအလုပ်တွေကို  စိတ်ရောကိုယ်ပါ  အားစိုက်ကာ  လုပ်ကိုင်နေသူ  တစ်ဦးဖြစ်ပါတယ်။  သူ့ရဲ့ဖောင်ဒေးရှင်းမှ  အဖွဲ့ဝင်ညီအစ်ကိုမောင်နှမများနှင့်လည်း  လိုအပ်တဲ့  နေရာတိုင်းကိုသွားရောက်ကာ  ကူညီဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  ဝေဠုကျော်ရဲ့ပရဟိတအလုပ်အပေါ်  ကြိုးစားပမ်းစား  အားထုတ်လုပ်ဆောင်မှုတွေကြောင့်  ပရိသတ်တွေကပါ လေးစားအားကျနေကြတာ ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

နေ့စဉ်မပြတ် လှူဒါန်းနေတဲ့  အလှူပုံရိပ်တွေကိုလည်း  ပရိသတ်တွေ  သာဓုခေါ်ဆိုနိုင်အောင်  သူ့ရဲ့ ဖောင်ဒေးရှင်းလူမှုကွန်ယက်စာမျက်နှာတွင်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း  ဝေဠုကျော်ဖောင်ဒေးရှင်း Facebook Page တွင်  စစ်ဘေးရှောင် ပြည်သူများနဲ့ပတ်သက်ပြီး  တတ်နိုင်သလောက်  လှူဒါန်းပေးကြဖို့  တောင်းဆိုနေတာ ဖြစ်ပါတယ်။  စစ်ဘေးရှောင်  တိုင်းရင်းသားတွေဟာ  သူတို့ရဲ့  အိုးအိမ်တွေကိုစွန့်ခွာကာ ထွက်ပြေးနေရဆဲ  ဖြစ်တာကြောင့်  စားရေးသောက်ရေးအပြင်  အခြား လိုအပ်တဲ့အရာများစွာ ရှိနေတာပါ။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

သူကလည်း  " 15-4-2021

တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေလို့ တောတောင်ထဲ

အိုးအိမ်စွန့် ရှောင်ပုန်းနေရတယ့် တိုင်းရင်းသားရွာတွေ ထပ်တိုးလာနေပါတယ်။

ဒုက္ခမျိုးစုံနဲ့ ပုန်းခိုနေရတယ့် တိုင်းရင်းသားညီအကိုများအတွက် အကူအညီများစွာလည်း ရှေ့ဆက် လိုအပ်နေပါဦးမယ်။

တိုင်းရင်းသား တိုက်ပွဲရှောင်များအတွက် လှူပေးလိုသော စေတနာအလှူရှင်များ အနေနဲ့

ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူပေးလို့ရပါတယ်။ " ဆိုပြီး  နှိုးဆော်တိုက်တွန်းထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T