သင်္ကြန်လေးရက်လုံးလုံး သံဃာတော်တွေကိုဆွမ်းကပ်လှူကာ မွန်မွန်မြတ်မြတ် ကုသိုလ်ယူခဲ့တဲ့ ဟိန်းဝေယံ

//s9.kh1.co/16/1659235bbee50b52822dc5cafd99b4a6b61a3fbc.jpg
အနုပညာရှင်များ

 ၁၆-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသားချော ဟိန်းဝေယံကတော့ ဇာတ်ကားပေါင်းများစွာရိုက်ကူးကာ ပရိသတ်တွေရဲ့အချစ်တွေအခိုင်အမာရရှိထားသလို လက်ရှိအခြေအနေတွေမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေသူပါပဲ..။

ဟိန်းဝေယံကတော့ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့အပြင် ကျဆုံးသွားကြတဲ့ပြည်သူ့သူရဲကောင်းတွေရဲ့အိမ်တွေကိုလည်း ကိုယ်တိုင်သွားရောက်ကာ ဖေးမကူညီမှုတွေလည်း ပြုလုပ်လှူဒါန်းနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

ဟိန်းဝေယံကတော့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့ သင်္ကြန်အတွင်းမှာလည်း သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်လှူဒါန်းကာ နှစ်သစ်ကူးအချိန်အခါကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်..။

သင်္ကြန်လေးရက်လုံးလုံး ၇ရက်သားသမီးတွေနဲ့အတူ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ မိသားစုလိုက် ကုသိုလ်ယူနေတဲ့ အလှူပုံရိပ်တွေကိုလည်း ဟိန်းဝေယံက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားတာ ဖြစ်ပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

"သင်္ကြန်အတက်နေ့ နေ့ဆွမ်းအလှူ

(၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..

ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ... ???.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

သင်္ကြန်လေးရက်လုံးလုံး သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ကောင်းမှုကုသိုလ်ယူနေတဲ့ ဟိန်းဝေယံတို့မိသားစုရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc
Photo Credit - Heinn Wai Yan's Fb Acc

သတင်း အရင်းအမြစ်Heinn Wai Yan's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T