လူဆင်းရဲပေမယ့် စိတ်ဓာတ်ချမ်းသာတဲ့မိသားစုလေးရဲ့အကြောင်းကို ရေးသားပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/1b/1b6b92f2c10aab76bc99058e3b8766183b353821.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

လူဆင်းရဲပေမယ့် စိတ်ဓာတ်ချမ်းသာတဲ့မိသားစုလေးရဲ့အကြောင်းကို ရေးသားပြောပြလာတဲ့ ပြည်သူတစ်ဦး

“မရှိလို့မလှူ၊မလှူလို့မရှိ”ဆိုသလို ဒီလိုကာလမှာ လူတိုင်းနီးပါးက မိမိတို့မှာရှိသလောက်နဲ့ ခက်ခဲနေသူတွေကို ကူညီပေးနေကြတာ ဖြစ်ပါတယ်။တချို့ပြည်သူတွေဆိုရင်လည်း ကိုယ်တိုင်အဆင်မပြေပေမယ့် တခြားသူအတွက်စဉ်းစားပေးတတ်သေးတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ ပြည်သူတွေက အမြို့မြို့၊အနယ်နယ်တိုင်းမှာအလှူအတန်းတွေပြုလုပ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အမျိုးသမီးတစ်ယောက်က ကလေးလေးနှစ်ယောက်နဲ့အတူ ပြည်သူတွေလှူဒါန်းတဲ့နေရာမှာ နေ့စဉ်လာတန်းစီပြီးယူတာရက်(၂၀)ရှိသွားပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူက အခုကာလမှာ အလုပ်မရှိတာကြောင့် စားဝတ်နေရေးခက်ခဲနေလို့ အရှေ့ဒဂုံကနေ မြောက်ဒဂုံထိလာခဲ့တာဖြစ်ပါတယ်။အမျိုးသမီးကတော့ အလှူရှင်တွေကိုကြည့်ပြီး”သူလည်းအရမ်းလှူချင်တဲ့အကြောင်း”ကို မျက်ရည်တွေဝဲစွာနဲ့ပြောပြတယ်လို့ သိရပါတယ်။အလှူရှင်တွေက အစားအသောက်တွေထပ်ထည့်ပေးမယ်လို့ပြောတဲ့အခါမှာ “အခုရထားတာတွေက ဒီနေ့အတွက် သူတို့မိသားစုလေးစားဖို့ လုံလောက်ပါပြီ”ဆိုပြီးငြင်းခဲ့တာဖြစ်ပါတယ်။အခုလိုခက်ခဲနေချိန်မှာတောင် အပိုမယူဘဲ တခြားသူတွေလိုမျိုးတန်းတူအခွင့်အရေးပဲယူခဲ့တဲ့ အမျိုးသမီးရဲ့စိတ်ဓာတ်လေးက လေးစားဖို့ကောင်းလှပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အမျိုးသမီးကတော့ သူမရဲ့ခင်ပွန်းပေးထားတဲ့စျေးဖိုး(၂၀၀၀)ထဲကလည်း အလှူရှင်တွေကို ၁၀၀၀လှူခဲ့သေးတာဖြစ်ပါတယ်။လူဆင်းရဲပေမယ့် စိတ်ဓာတ်ချမ်းသာတဲ့အမျိုးသမီးအတွက် တချို့ပြည်သူတွေက ဝိုင်းဝန်းကူညီလှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။အလှူရှင်တွေက ငွေကြေးတချို့ဂုဏ်ပြုချီးမြှင့်ခဲ့လို့ ဘုန်းကြီးကျောင်းမှာရေစက်ချအလှူတစ်ခုပြုလုပ်ရာတွင် သူမတို့မိသားစုလေး အလှူငွေထည့်ဝင်ဖို့ငွေရသွားတာကြောင့် ပီတိဖြစ်ပြီးကျေးဇူးတင်ကြောင်းခဏခဏပြောနေတာဖြစ်ပါတယ်။နေ့စဉ်စားသောက်ဖို့ခက်ခဲနေတဲ့ကြားကနေ သဒ္ဓါတရားထက်သန်တဲ့ ဒီမိသားစုလေးကိုကူညီချင်တယ်ဆိုရင်တော့ (09 955388515)ကို ဆယ်သွယ်မေးမြန်းလို့ရကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T