တောထဲမှာအိပ်ရတာကြောင့် ခြင်တွေကိုက်ခံရပြီး ခန္ဓာကိုယ်ပေါ်မှာအနာလေးတွေဖြစ်နေလို့ ဆေးဝါးတချို့လိုအပ်နေတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

//s9.kh1.co/91/91e78b843c7c5ca22ce925879172b555df6055d6.jpeg
နေ့စဉ်သတင်းများ

 ၁၆-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

တောထဲမှာအိပ်ရတာကြောင့် ခြင်တွေကိုက်ခံရပြီး ခန္ဓာကိုယ်ပေါ်မှာအနာလေးတွေဖြစ်နေလို့ ဆေးဝါးတချို့လိုအပ်နေတဲ့ စစ်ဘေးရှောင်ကလေးငယ်များ

ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ပြည်သူတိုင်းနီးပါးက ဒုက္ခအခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာ တချို့ပြည်နယ်တွေမှာလည်း စစ်ဘေးရှောင်ပြည်သူတွေ တောထဲပြေးပုန်းနေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာလျှင် ဘေးလွတ်ရာကို ရှောင်နေရတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ဒုက္ခအခက်အခဲကို ကိုယ်ချင်းစာပြီး လိုအပ်တဲ့ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူမမယ်ကလေးငယ်လေးတွေကအစ လောကဓံရဲ့ကြမ်းတမ်းမှုကို ခံစားနေရပြီး တောထဲမှာအဆင်ပြေသလိုနေထိုင်နေရတာဖြစ်ပါတယ်။ကရင်ပြည်နယ်က စစ်ဘေးရှောင်ကလေးငယ်တွေကတော့ တောထဲမှာအိပ်ရတာ ရက်တွေကြာမြင့်လာတာကြောင့် ခန္ဓာကိုယ်ပေါ်မှာ ခြင်တွေအကိုက်ခံရလို့ အနာလေးတွေဖြစ်နေတာဖြစ်ပါတယ်။ဘာမှမသိသေးတဲ့ကလေးငယ်လေးတွေကတော့ တောထဲမှာမိဘတွေနဲ့အတူ နေထိုင်နေရပေမယ့် အနေဆင်းရဲ၊အစားဆင်းရဲဘဝကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း တချို့ပြည်သူတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးတချို့ကိုလည်း လှူဒါန်းပေးကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပြည်သူတစ်ဦးက ကလေးလေးတွေရဲ့ခန္ဓာကိုယ်ပေါ်ကအနာလေးတွေအတွက်ဆေးဝါးလိုအပ်နေကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာတာဖြစ်ပါတယ်။မေတ္တာတရားကြီးမားကြတဲ့ပြည်သူလူထုကတော့ လူသားအချင်းချင်းစာနာထောက်ထားတတ်ကြတာကြောင့် စစ်ဘေးရှောင်ပြည်သူတွကို တတ်နိုင်သလောက်ကူညီပေးနိုင်ကြဖို့အတွက် တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T