ကျောထောက်နောက်ခံမရှိတာကြောင့် အဆောင်မှာတစ်ယောက်တည်းနေထိုင်ရပြီး အိမ်လခလိုအပ်နေလို့ လမ်းပေါ်ထွက်လာရတဲ့ အဘွားတစ်ဦး

//s9.kh1.co/02/02cf0ca88981d083125a28a2d58d2e2e220064c4.jpeg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကျောထောက်နောက်ခံမရှိတာကြောင့် အဆောင်မှာတစ်ယောက်တည်းနေထိုင်ရပြီး အိမ်လခလိုအပ်နေလို့ လမ်းပေါ်ထွက်လာရတဲ့ အဘွားတစ်ဦး

ဒီလိုကာလမှာလမ်းပေါ်ထွက်ရင်အန္တရာယ်များမှန်းသိသော်လည်း တချို့သက်ကြီးရွယ်အိုတွေကတော့ စားဝတ်နေရေးအတွက် အပြင်ထွက်ပြီးရုန်းကန်နေရတာပဲဖြစ်ပါတယ်။စေတနာရှင်ပြည်သူလူထုကလည်း လမ်းပေါ်မှာ စျေးရောင်းနေကြတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတွေကိုတွေ့တိုင်း ကိုယ်ချင်းစာပြီး တတ်နိုင်သလောက်ဝယ်ယူလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေကြောင့် ပြည်သူတိုင်းနီးပါး စီးပွါးရေးကြပ်တည်းနေကြပေမယ့်လည်း အလှူအတန်းဆိုရင် အရမ်းရက်ရောကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း စေတနာရှင်ပြည်သူတစ်ဦးက လမ်းမှာသွားရင်းလာရင်းနဲ့ သုဝဏ္ဏဘောလုံးကွင်းရှေ့မှာတစ်ယောက်တည်းထိုင်နေတဲ့ အသက်(၈၆)နှစ်အရွယ် အဘွားအိုကို တွေ့လို့ တစ်နိုင်တစ်ပိုင်လေးကူညီလှူဒါန်းခဲ့တာဖြစ်ပါတယ်။အဘွားကတော့ ကျောထောက်နောက်ခံသားသမီးလည်းမရှိတာကြောင့် အဆောင်မှာနေထိုင်နေရပြီးလက်ရှိမှာအိမ်လခလိုအပ်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် စေတနာရှင်ပြည်သူကလည်း အဘွားအတွက် အိမ်လခတစ်လစာကူညီပေးခဲ့တဲ့အပြင် နောက်ရက်မှာလည်း စားစရာတွေပေးဖို့ထပ်သွားဦးမှာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်ကိုယ်တည်းရုန်းကန်နေရတဲ့ အဘွားရဲ့လိပ်စာကတော့ ယုဇနဥယျာဉ်မြို့တော်၊ချစ်သူလမ်းကြားဖြစ်ပြီး နာမည်ကဒေါ်ဦးလှဖြစ်ပါတယ်။တစ်ရက်တာ စားသောက်ဖို့အတွက်တောင် ခက်ခဲနေရတဲ့အဘွားဒေါ်ဦးလှကို ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့ အဘွားက သုဝဏ္ဏဘောလုံးကွင်းရှေ့မှာ အမြဲတမ်းလိုလို ရှိနေတတ်တာဖြစ်ပါတယ်။အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း လောကဓံတရားရဲ့ကြမ်းတမ်းမှုတွေကို ရင်ဆိုင်နေရပြီး အဆင်ပြေသလိုရပ်တည်နေရတဲ့ အဘွားရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T