ပရိသတ်ကြီးရေ.. ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် အခိုင်အမာရပ်တည်လျှောက်လှမ်းနေတဲ့ သရုပ်ဆောင်မင်းသား ဘုန်းဆက်သွင်ကတော့ ပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။
ဘုန်းဆက်သွင်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူရပ်တည်နေပြီး လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် လိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေပြုလုပ်ကာ ဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။
ဖြိုခွင်းမှုတွေနဲ့အခက်အခဲတွေရှိနေတဲ့ကြားက အားလုံးရဲ့အနာဂတ်တွေအတွက် ကြိုးစားလုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်ကတော့ ဒီကနေ့သင်္ကြန်အကြတ်နေ့မှာလည်း ယောဂီသပိတ်ပြုလုပ်ပြီး အားလုံးနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ပြန်ပါတယ်..။
အရေးတော်ပုံအောင်မြင်ဖို့အတွက် ပြည်သူတွေနဲ့အတူ ယောဂီသပိတ်မှာ အားမာန်အပြည့်နဲ့ ရဲရင့်တက်ကြွစွာပါဝင်ဆင်နွှဲခဲ့တဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဘုန်းဆက်သွင်က သူ့ရဲ့ဖေ့စ်ဘွတ်မျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။
"တော်လှန်သင်္ကြန်
ယနေ့ ယောဂီသပိတ်
တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်
အောင်စိတ်မြဲရင် အောင်ပွဲရမယ်
အရေးတော်ပုံ အောင်ရမည်.." ဆိုပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်..။
ပရိသတ်တွေကလည်း အခက်အခဲတွေကြားကနေ ယနေ့အချိန်ထိ မပျက်မကွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဘုန်းဆက်သွင်တို့ရဲ့ လှုပ်ရှားမှုတွေကို အားလုံးက လေးစားချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ PhoneSett Thwin's Fb Acc